မတ်ပဲတင်ပို့မှု

Sun, 03/25/2012 - 01:48 -- Anonymous (not verified)

ယခုတစ်ပတ် မတ်ပဲတင်ပို့မှု

ယခုတစ်ပတ် (ဖေဖော်ဝါရီလ ၂၇- မတ်လ ၁ ရက်) အတွင်း ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုမှာ တန်ချိန် ၅၂၀၀ ကျော်သာရှိလို့ ယခင်တစ်ပတ် တင်ပို့တဲ့ တန်ချိန် ၉၀၀၀ ထက်လျော့ကျခဲ့ပါတယ်။ ၂၀၁၂ ဖေဖော်ဝါရီလ တစ်လလုံး တင်ပို့မှုကို လေ့လာကြည့်ရင် တန်ချိန် ၃၅၀၀၀ ခန့်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၀ သန်းကျော်ရရှိခဲ့လို့ ဇန်နဝါရီလ တင်ပို့ခဲ့တဲ့ တန်ချိန် ၂၈၀၀၀ ခန့်ထက် ပိုမိုတင်ပို့ နိုင် ကြောင်းသိရပါတယ်။ ၂၀၁၁ ကာလတူ ဖေဖော်ဝါရီလအတွင်း မတ်ပဲတန်ချိန် ၃၀၀၀၀ ကျော် တင်ပို့နိုင်ပြီး၊ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၂၇ သန်းကျော် ရှိလို့ ယခုနှစ်ကာလတူမှာ ပမာဏ အားဖြင့် ပိုမိုတင်ပို့နိုင်ခဲ့သော်လည်း ဝင်ငွေတွင် လျော့ကျခဲ့ပါသည်။

လက်ရှိ၂၀၁၁-၁၂ဘဏ္ဍာနှစ် မတ်လ ၂ရက်နေ့အထိ မတ်ပဲစုစုပေါင်း တင်ပို့နိုင်မှုကို လေ့လာကြည့်လျင် တန်ချိန် ၅၅၀၀၀၀ ကျော်ရှိသဖြင့် ယခင်နှစ်ကာလတူတင်ပို့မှု တန်ချိန် ၄၃၀၀၀၀ ကျော်ထက် တန် တစ်သိန်းကျော် ပိုမို တင်ပို့ နိုင်ကြောင်းသိရပါသည်။ မတ်ပဲတင်ပို့မှုတွင် ယခင်အပတ်ကဲသို့ ပုံမှန်တင်ပို့နိုင်မည်ဟု ခန့်မှန်းထားပါသည်။