ဗီယက်နမ်က စိုထရမ်းပြည်နယ်မှာ နိုဝင်ဘာလအတွင်း ဆန်စပါးပွဲတော်ကျင်းပမယ်

Fri, 10/28/2011 - 15:03 -- Anonymous (not verified)

ဒုတိယအကြိမ်မြောက် ဗီယက်နမ်ဆန်စပါးပွဲတော်ကို မဲခေါင်ဒေသ စိုထရမ်း(Soc  Trang) ပြည်နယ်မှာ နိုဝင်ဘာလ ၈ ရက်မှ ၁၁ ရက်နေ့အထိ ကျင်းပမယ်လို့ ပြည်နယ်ပြည်သူ့ကော်မတီ ဒုတိယဥက္ကဌ Quach  Viet  Tung  က ပြောကြားပါတယ်။ ပွဲတော်ကျင်းပရခြင်းကတော့ ဗီယက်နမ်ဆန် မြှင့်တင်ဖို့နဲ့ နိုင်ငံဆန် ထုတ်လုပ်မှုကို အထောက်အပံ့ပြုနေတဲ့ တောင်သူများ၊ ဆန်တင်ပို့သူများနဲ့ သိပ္ပံပညာရှင်များကို ဂုဏ်ပြုဖို့အနေနဲ့ ကျင်းပခြင်းဖြစ် တယ်လို့ ပြောကြားပါတယ်။