ဖိအားများရှိနေသည့် တရုတ်ပို့ကုန်

Tue, 11/22/2011 - 06:34 -- Anonymous (not verified)

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမသေချာမရေရာမှုများ၊ ကိုယ်ကျိုးစီးပွားကာကွယ်ပေးတဲ့ ကုန်သွယ်ရေးနဲ့ ပြည်တွင်းကုန်ကျစရိတ်တွေ မြင့်တက်လာမှုတို့ကြောင့် တရုတ်ရဲ့ ပို့ကုန်အပေါ်ဖိအားတွေရှိနေကြောင်း တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၆ ရက်နေ့က ပြောကြားလိုက်တယ်။ လာမယ့်ကာလအတွင်း ပို့ကုန်အခြေအနေ အတွက် အလားအလာကောင်းတွေ မရှိကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Shen Danyang က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။