ပြန်လည်တင်ပို့ခြင်း (Re-Export) လုပ်ထုံးလုပ်နည်းသတ်မှတ်ခြင်း

Wed, 06/29/2016 - 11:07 -- dotadmin

နိဒါန်း

၁။       ၂၀၁၅-၂၀၁၆ ဘဏ္ဍဍာနှစ်တွင် ကုန်သွယ်မှုလျာထားချက် အမေရိကန်ဒေါ်လာ (၂၉.၉) ဘီလီယံ အား စီမံကိန်းလျာထားဆောင်ရွက်ထားရာ ၂၀၁၅ ခုနှစ် ဇွန်၊ ဇူလိုင်လများအတွင်း ဖြစ်ပေါ်ခဲ့သည့်သဘာဝ ဘေးအန္တရာယ်များကြောင့် စိုက်ပျိုးဧက (၁.၄၄)သန်း၊ ရေလွှမ်းမိုးခံရပြီး ဧက (၆၅၃၆၈၀) ပျက်စီး ခဲ့ကြောင်း ထုတ်ပြန်ထားသဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍဍာနှစ် ဒုတိယ(၆)လပတ်အတွင်း ပြည်ပပို့ကုန်များလျော့နည်း နိုင်ကြောင်း တွေ့ရှိရသဖြင့် ကုန်သွယ်မှု တိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် Re-Export စနစ်ဖြင့် ဆောင်ရွက်နိုင်မည့်ကုန်ပစ္စည်းများ၏ ဈေးကွက်နှင့် အလားအလာ တို့ကို ဖော်ထုတ် သုံးသပ်၍ လုပ်ဆောင်မည့် စနစ်များနှင့် ပတ်သက်ပြီး ၂၄-၉-၂၀၁၅ ရက်နေ့တွင် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။       ထို့နောက် စမ်းသပ်အမယ်အနေဖြင့် လုပ်ငန်းသုံးသကြားကို Re-export စနစ်ဖြင့် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စီမံခန့် ခွဲရေးကော် မတီ၏ (၂၈/၂၀၁၅) ကြိမ်မြောက် အစည်း အဝေးဆုံးဖြတ်ချက်အရ Re-export စနစ်ဖြင့် တင်သွင်း/တင်ပို့ရာတွင် စိစစ်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ် (Criteria) သတ်မှတ်၍ (၁၉-၁၀-၂၀၁၅) ရက်နေ့မှ စတင် ခွင့်ပြု ခဲ့ပါသည်။ ထို့အပြင် လုပ်ငန်းရှင်များမှ ဝါဂွမ်း၊ ကွမ်းသီး၊ နှမ်းဖြူ၊ နှမ်းနက်၊ မြေပဲ၊ ငရုပ်သီးခြောက်၊ ပဲပုတ်စေ့၊ ချည်မျှင်တို့ကို စမ်းသပ်လျှောက်ထားမှု များအား လည်း ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး ခွင့်ပြုချက်ဖြင့် Re-export လိုင်စင် ခွင့်ပြုဆောင်ရွက်ပေးခဲ့ ပါသည်။

၃။       Re-Export စနစ်ဖြင့် ကုန်သွယ်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျ ရှိစေရေးအတွက် ကုန်သွယ်မှုဆိုင်ရာ မူဝါဒများ၊  သက်ဆိုင်ရာ ဌာနများ ၏ လုပ်ထုံးလုပ်နည်းများအရ Re-Export လုပ်ထုံး လုပ်နည်းအား ထုတ်ပြန်သတ်မှတ်ခြင်းဖြစ်ပါသည်။

ရည်ရွယ်ချက်

၄။       Re-export ကုန်သွယ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် ဈေးကွက် လိုအပ်ချက်ကြီးမားသော တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ် ချင်း ထိစပ်နေ သည့် အားလျော်စွာ အဆိုပါ နိုင်ငံများ ၏ ဈေးကွက် ရောင်းလိုအား/ ဝယ်လိုအား အခြေအနေ အရ အလားအလာရှိသည့် ကုန်ပစ္စည်းများကို Re-export ဖြင့် တွင်ကျယ်စွာ ဆောင်ရွက် နိုင်ခြင်းဖြင့် နိုင်ငံတော်၏ ကုန်သွယ်မှုပမာဏ တိုးတက်စေရေး အတွက် ရည်ရွယ်ပါသည်။

 

Re-Export ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

၅။       ပြည်ပမှကုန်ပစ္စည်းများကို တင်သွင်း၍ မူလအတိုင်းသော်လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း ပြုပြင်ထုတ်လုပ်၍ (မူလပင်ရင်းနိုင်ငံ မပြောင်းလဲစေဘဲ) သော်လည်းကောင်း အခြားနိုင်ငံတစ်ခုသို့ ပြန်လည် တင်ပို့ခြင်းဖြစ်ပါသည်။       

တင်သွင်း၊ တင်ပို့ခွင့်ပြုသည့် ကုန်သွယ်မှုလမ်းကြောင်းများ

၆။       Re-export စနစ်ဖြင့် အောက်ပါ လမ်းကြောင်းများဖြင့် တင်သွင်း/တင်ပို့ ခွင့်ပြုပါသည် -

          (က)    ပင်လယ်ရေကြောင်းမှတင်သွင်းပြီး နယ်စပ်စခန်းများမှတစ်ဆင့် ပြန်လည်တင်ပို့ခြင်း

          ( ခ )   နယ်စပ်စခန်းများမှတင်သွင်းပြီး နယ်စပ်စခန်းများမှ ပြန်လည်တင်ပို့ခြင်း

          ( ဂ )   နယ်စပ်စခန်းများမှတင်သွင်းပြီး ပင်လယ်ရေကြောင်းမှ ပြန်လည်တင်ပို့ခြင်း

 

Re-export ဆောင်ရွက်ရန် မှတ်ပုံတင်ခြင်း

၇။       ကုမ္ပဏီဖွဲ့စည်းတည်ထောင်ထားသည့် မြန်မာနိုင်ငံသားကုမ္ပဏီများအနက်မှ သကြား၊ စက်သုံးဆီ၊ ကွမ်းသီး အစရှိသည့် Re-export ခွင့်ပြုပစ္စည်းများအား ကုန်သွယ်ဆောင်ရွက်နိုင်ရန်အတွက် မှတ်ပုံတင်ကတ်အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၌ မှတ်ပုံ တင်ဆောင်ရွက်ရပါမည်။ Re-export ဆောင်ရွက်ရန် မှတ်ပုံတင်ခြင်းအတွက် လုပ်နည်းစနစ်မှာ အောက်ပါ အတိုင်းဖြစ်ပါသည် -

          (က)    Re-export မှတ်ပုံတင်ကတ်လျှောက်ထားရာတွင် တင်ပြရမည့် စာရွက်စာတမ်းများ

                   (၁)     ကုမ္ပဏီ Letter Head ဖြင့် လျှောက်လွှာ

                   (၂)     ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသော ကုမ္ပဏီ မှတ်ပုံတင် လက်မှတ် (မူရင်း/ မိတ္တူ)

                   (၃)     ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပေးသော ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် လက်မှတ် (မူရင်း/ မိတ္တူ)

                   (၄)     ဒါရိုက်တာအဖွဲ့ဝင်များ၏အစုရှယ်ယာစာရင်း(Form VI) (မူရင်း/ မိတ္တူ)

                   (၅)     ဒါရိုက်တာအဖွဲ့ဝင် အမည်စာရင်း (Form XXVI) (မူရင်း/ မိတ္တူ)

                   (၆)     သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်း စာအုပ် (မူရင်း/မိတ္တူ)

                   (၇)     ပစ္စည်းများ တစ်ဆင့်ခံသိုလှောင်ရန်အတွက် Warehouse အမှန်တကယ်ရှိ ကြောင်း တိုင်းဒေသကြီး/ ပြည်နယ် စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်း လိုင်စင် (Warehouse တည်နေရာ၊ အမျိုးအစား၊ အကျယ်အဝန်း၊ ဓာတ်ပုံ အထောက်အထားများနှင့်အတူ တင်ပြရန်)

                   (၈)     ကုန်သွယ်မှု      လုပ်ငန်းအတွက် နိုင်ငံခြားငွေဖြင့် ဖွင့်လှစ်ထားသည့် ဘဏ်စာရင်း စာအုပ် (မူရင်း/မိတ္တူ)

          ( ခ )   Re-export မှတ်ပုံတင်အတွက် ပေးသွင်းရမည့် အခကြေးငွေများ (ကုန်သွယ်ရေးဦးစီး ဌာန၏ ငွေစာရင်းအမှတ် ------------------- သို့ပေးသွင်းရန်)

                   (၁)     Re-export      မှတ်ပုံတင်ကြေး ။    Re-export မှတ်ပုံတင်သက်တမ်းအား (၁) နှစ် သတ်မှတ်ပြီး မှတ်ပုံတင်ကြေး (၅၀ဝဝဝ) ကျပ် ပေးသွင်းရပါမည်။

                   (၂)     သက်တမ်းတိုးကြေး။    သက်တမ်းတိုးခြင်း (၁) နှစ်အတွက် (၅၀ဝဝဝ) ကျပ် ပေးသွင်းရပါမည်။

                   (၃)     ပြင်ဆင်ကြေး။     ကုမ္ပဏီအမည်/ လိပ်စာ/ ဒါရိုက်တာအဖွဲ့ဝင် စသည်တို့ ပြင်ဆင် ခြင်းအတွက် ပြင်ဆင်ချက် တစ်ချက်လျှင် (၁၀ဝဝ) ကျပ် ဖြစ်ပါသည်။

                   (၄)     မိတ္တူမှန်ကြေး။      (၃၀ဝဝ) ကျပ် (မူရင်းပျောက်ဆုံးပါက ပျောက်ဆုံးကြောင်း သတင်းစာကြော်ငြာမူရင်းနှင့် ရပ်ကွက်/ ရဲစခန်းထောက်ခံချက်တို့ဖြင့် လျှောက် ထားရန်ဖြစ်ပါသည်)    

            

လိုင်စင်လျှောက်ထားခြင်း

၈။       သာမန်အားဖြင့် တင်သွင်း၊ တင်ပို့ခွင့် ကန့်သတ်ထားသည့် ကုန်ပစ္စည်းများမှလွဲ၍ မည်သည့် ကုန်ပစ္စည်းကိုမဆို Re-Export စနစ်ဖြင့် ကုန်သွယ်ခွင့်လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသည့် ကုန်ပစ္စည်းအမယ်အပေါ်လိုက်၍ ပြည်တွင်းဈေးကွက်၊ မိမိနိုင်ငံထွက် ကုန်ပစ္စည်းများ၏ ထုတ်လုပ်နိုင်မှု၊ ဈေးကွက်အလားအလာနှင့်  ကုန်စည်စီးဆင်းမှုအခြေအနေစိစစ်၍  Re-export  ခွင့်ပြုပေးမည်ဖြစ်ပြီး  Re-export ဆောင်ရွက်မှု အားလုံးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Re-export သွင်းကုန်လိုင်စင်/ ပို့ကုန်လိုင်စင်လျှောက်ထားရန် လိုအပ်ပါသည်။

 

စိစစ်ခွင့်ပြုမည့် လုပ်ငန်းစဉ်

၉။       Re-export လိုင်စင်လျှောက်ထားရာတွင် ကုမ္ပဏီအသစ်များ/ ထပ်မံလျှောက်ထားမှုများ အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ စိစစ်ရေးအဖွဲ့ထံ ဦးစွာတင်ပြလျှောက်ထားရပါမည်။

၁၀။     Re-export သွင်းကုန်လိုင်စင်/ ပို့ကုန်လိုင်စင်လျှောက်ထားရာ၌ ပူးတွဲတင်ပြရမည့် စာရွက် စာတမ်းများ၊ စိစစ်ခွင့်ပြုမည့် လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

          (က)    ကုမ္ပဏီ Letter Head ဖြင့်လျှောက်လွှာ

          ( ခ )   Sale Contract & Invoice

          ( ဂ )   တင်သွင်းခြင်း/ တင်ပို့ခြင်း ဆိုင်ရာ နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်

          (ဃ)    တင်သွင်းမည့် ကုမ္ပဏီ၏နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသည့် ဘဏ်စာအုပ်၏ နိုင်ငံခြားငွေလက်ကျန်သည် တင်သွင်းမည့် ကုန်ပစ္စည်းတန်ဖိုး၏ ၂၀% အနည်းဆုံး ရှိရမည်။ (Re-export တင်သွင်း/တင်ပို့ခြင်းကို တတိယအကြိမ် လျှောက်ထားခြင်းဖြစ် ပါက အနည်းဆုံး ပထမအကြိမ်အတွက် ဘဏ်ဝင်ငွေစာရင်းတင်ပြနိုင်ရမည်)

          ( င )   Re-Export နည်းလမ်းဖြင့် တင်သွင်းခြင်း၊ တင်ပို့ခြင်းဆောင်ရွက်ရာတွင် သယ်ယူ ပို့ဆောင်မည့် လမ်းကြောင်းဖော်ပြချက်။

          ( စ )   Re-Export လုပ်ငန်းစဉ်ပါ ပြန်လည်ထုတ်ပိုးဆောင်ရွက်မည်ဆိုပါက ပြုပြင်ဆောင် ရွက်မည့်နေရာ၊ လိပ်စာအပြည့်အစုံဖော်ပြချက်။

          (ဆ)    ပြည်တွင်း၌ ပြန်လည်ဖြန့်ဖြူးရောင်းချခြင်းမပြုပါကြောင်းနှင့် အကြောင်းအမျိုးမျိုး ကြောင့် ကုန်ဝယ်သူနိုင်ငံသို့ ပြန်လည်တင်ပို့နိုင်ခြင်းမရှိပါက မူလကုန်ရောင်းသူ (နိုင်ငံ) ထံသို့ ကုမ္ပဏီအစီအစဉ်ဖြင့် ပြန်လည်တင်ပို့မည်ဖြစ်ကြောင်း ကတိခံဝန်ချက်။

          ( ဇ )   Re-Export လုပ်ငန်းစဉ်တစ်ခုလုံးပြီးမြောက်ပါက တင်သွင်း/ တင်ပို့ခြင်း ဆိုင်ရာ အထောက်အထားများ ပြန်လည်တင်ပြမည်ဖြစ်ကြောင်း ကတိခံဝန်ချက်။

          ( ဈ )   ပထမ ခွင့်ပြုလိုင်စင်ပါ တန်ချိန်၊ အရေအတွက်အား အမှန်တင်ပို့ပြီးစီးကြောင်း အထောက်အထားများ တင်ပြစစ်ဆေးခံပြီးမှသာ နောက်တစ်ကြိမ် Re-Export လိုင်စင် ခွင့်ပြုပေးမည်ဖြစ်ပါသည်။

          (ည)    Re-export သကြားလျှောက်ထားရာတွင် တန်ချိန်ခွင့်ပြုချက်နှင့် စပ်လျဉ်း၍ အောက်ပါ အတိုင်း ခွင့်ပြုပါသည် -

                   (၁)     ကုမ္ပဏီ၏ ၂၀၁၅-၂၀၁၆ဘဏ္ဍဍာနှစ် (ယခင်ပြီးခဲ့သည့် ဘဏ္ဍဍာနှစ်) ပို့ကုန်၊သွင်းကုန် ဆောင်ရွက်ထားရှိသည့် တန်ဖိုးအပေါ် အောက်ပါအတိုင်း တန်ချိန်ခွင့်ပြု ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည် -

                                                                                       ပင်လယ်ရေကြောင်း      နယ်စပ်

                             အမေရိကန်ဒေါ်လာ ၁၀ဝဝဝ၀ အောက်                   ၁၀ဝဝ                ၅၀ဝ

                             အမေရိကန်ဒေါ်လာ ၁၀ဝဝဝ၀ အထက်                  ၂၀ဝဝ               ၁၀ဝဝ

                   (၂)     ကုမ္ပဏီအသစ်မှ ပို့ကုန်သွင်းကုန် လုပ်ငန်းဆောင်ရွက်ခြင်း မရှိသော်လည်း အဆိုပါ ကုမ္ပဏီတွင်ပါဝင်သည့် ဒါရိုက်တာတစ်ဦးသည် အခြားကုမ္ပဏီတစ်ခုတွင် ဒါရိုက်တာ အဖြစ် ပါဝင်နေသည့်ကုမ္ပဏီမှ ပို့ကုန် သွင်းကုန် ဆောင်ရွက် ထားရှိ သည့် တန်ဖိုးအပေါ်တွင်လည်း အထက်ပါတန်ချိန် အတိုင်း ခွင့်ပြုပေးသွားမည်ဖြစ်ပါသည်။

                   (၃)     ပို့ကုန်သွင်းကုန်လုပ်ငန်းဆောင်ရွက်ထားခြင်းမရှိသေးသည့် ကုမ္ပဏီအသစ်များ အတွက် ပင်လယ်ရေကြောင်းမှ တင်သွင်းပါက လိုင်စင်တစ်စောင်လျှင် တန်ချိန် (၃၀ဝ)နှင့် နယ်စပ်မှ တင်သွင်းပါက တန်ချိန် (၁၀ဝ)သာ စမ်းသပ်ခွင့်ပြုပါမည်။

                   (၄)     ပထမအကြိမ် တင်သွင်း/တင်ပို့ပြီး ဒုတိယအကြိမ် လျှောက်ထားပါက တင်ပို့ခဲ့သည့် ED/ID ကားစာရင်း၊ တစ်လအတွင်း ငွေပြန်လည်ဝင်ရောက်မည်ဖြစ်ကြောင်း ခံဝန် ကတိနှင့်အတူ ပင်လယ်ရေကြောင်းမှ တင်သွင်းပါက အများဆုံးတန် (၂၀ဝဝ)၊ နယ်စပ်မှ တင်သွင်းပါက အများဆုံးတန် (၁၀ဝဝ) ခွင့်ပြုပါမည်။ ပိုမိုလျှောက်ထား ပါက ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ၏ စိစစ်ခွင့်ပြုချက်ဖြင့် ပင်လယ်ရေကြောင်း မှ အများဆုံးတန် (၅၀ဝဝ)၊ နယ်စပ်မှ အများဆုံးတန် (၂၀ဝဝ) ခွင့်ပြုပါမည်။

                   (၅)     အလားတူ ဒုတိယတင်သွင်း/တင်ပို့ပြီး တတိယအကြိမ် လျှောက်ထားပါက ဒုတိယ အကြိမ် တင်သွင်း/တင်ပို့ခဲ့သည့် ED/ID ကားစာရင်း၊ ပထမအကြိမ် တင်ပို့သည့် တန်ချိန်အတွက် နိုင်ငံခြားဘဏ်များမှ မြန်မာနိုင်ငံရှိ ဘဏ်များ သို့ ငွေပြန်လည် ဝင်ရောက်ကြောင်း အထောက်အထား၊ ဒုတိယအကြိမ် တင်ပို့ခဲ့သည့် တန်ချိန်အတွက် တစ်လအတွင်းငွေပြန်လည် ဝင်ရောက်မည်ဖြစ်ကြောင်း ခံဝန်ကတိနှင့်အတူ ပင်လယ် ရေကြောင်းမှ တင်သွင်းပါက အများဆုံးတန် (၂၀ဝဝ)၊ နယ်စပ်မှ တင်သွင်း ပါက အများဆုံးတန် (၁၀ဝဝ) ခွင့်ပြုပါမည်။ ပိုမိုလျှောက်ထားပါက ဝန်ကြီးဌာနစီမံ ခန့်ခွဲရေး ကော်မတီ၏ စိစစ်ခွင့်ပြုချက်ဖြင့် ပင်လယ်ရေကြောင်းမှ အများဆုံးတန် (၅၀ဝဝ)၊ နယ်စပ်မှ အများဆုံးတန် (၂၀ဝဝ) ခွင့်ပြုပါမည်။

          ( ဋ )   Re-Export စနစ်ဖြင့် တင်သွင်းပြီး ပို့ကုန်ပြန်လည်တင်ပို့ရာတွင် LC/TT စနစ်ဖြင့် ဗဟိုဘဏ်မှ သတ်မှတ်ခွင့်ပြုထားသည့် နိုင်ငံခြားငွေကြေးဖြင့်သာ ဆောင်ရွက်ရမည်။

          ( ဌ )   Re-Export စနစ်ဖြင့် ခွင့်ပြုရာတွင် မူလလိုင်စင်သက်တမ်း အား (၃) လ ခွင့်ပြုပြီး ပထမအကြိမ် သက်တမ်းတိုး (၁) လ၊ ဒုတိယအကြိမ် သက်တမ်းတိုး (၁)လ ခွင့်ပြု ပါမည်။ (အစားအသောက်နှင့်ဆေးဝါး များအား သက်တမ်းတိုးခွင့်မပြုပါ) ခွင့်ပြု သက်တမ်း အတွင်း တင်သွင်း၊ တင်ပို့ ဆောင်ရွက်နိုင်ခြင်းမရှိသည့် ကုမ္ပဏီများကို လိုင်စင်သက်တမ်းတိုးခွင့်မပြုဘဲ သက်တမ်းကုန်လိုင်စင်အား ပြန်လည်အပ်နှံရမည် ဖြစ်သည်။

၁၁။     Re-export လျှောက်ထားရာ၌ သက်ဆိုင်ရာ ဌာနများ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းအရ စစ်ဆေးထောက်ခံချက်လိုအပ်သည့်ပစ္စည်းများအတွက် သက်ဆိုင်ရာ ဌာန၏ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရမည်။

၁၂။     Re-export လိုင်စင် လျှောက်ထားမှုစိစစ်ရေးအဖွဲ့မှ အထက်ပါ လုပ်နည်းသတ်မှတ်ချက် များနှင့် အညီ စိစစ်ပြီးသည့် အမှုတွဲများအား ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲသို့ စနစ်တကျ မှတ်တမ်းထားရှိ ပေးပို့ ရန်နှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲမှ ဆက်လက် ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်တင်ပြ လိုင်စင်ခွင့်ပြု ပေးရန်ဖြစ်ပါသည်။

 

စက်သုံးဆီများအား ပြည်ပမှတင်သွင်းပြီး ပြန်လည်တင်ပို့ခြင်း

၁၃။     စက်သုံးဆီ ဓာတ်ဆီ၊ ဒီဇယ်ဆီများ ပြည်ပမှတင်သွင်းပြီး ပြည်ပသို့ ပြန်လည်တင်ပို့ခြင်းကို နိုင်ငံတော်သမ္မတရုံး၏ ၂၅-၁၁-၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၁၀ (၂)/၇/သမ္မတရုံးဖြင့် စမ်းသပ်ဆောင်ရွက် ခွင့်ပြုထားပြီးဖြစ်ပါသည်။ စက်သုံးဆီ Re-export ဆောင်ရွက်ရာ တွင် အထက်အပိုဒ် (၈) ပါ လုပ်ငန်းစဉ် (၁၂) ရပ်အပြင် သက်ဆိုင်ရာ စွမ်းအင်ဝန်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းအရ တစ်ဖက်ပါအချက်များ ဆောင်ရွက်ရပါမည် -

          (က)    စွမ်းအင်ဝန်ကြီးဌာန၏ သတ်မှတ်ဈေးနှုန်း၊ Brand များအတိုင်း  ခွင့်ပြုပေးမည် ဖြစ်ပြီး Brand  အသစ်များဖြစ်ပါက စွမ်းအင်ဝန်ကြီးဌာနသို့  ကြိုတင်တင်ပြ၍ ခွင့်ပြုချက် ရယူ ရပါမည်။

          ( ခ )   တင်သွင်းသယ်ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း လုပ်ငန်းရပ်များအတွက် စွမ်းအင်ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ခွင့်ပြုခြင်း လုပ်ထုံးလုပ်နည်းသတ်မှတ် ချက်များနှင့်အညီ ဆောင်ရွက်ရမည်။

          ( ဂ )   Re-Export စနစ်ဖြင့် တင်သွင်းလာသည့် စက်သုံးဆီကို နိုင်ငံတော်အတွင်း ဖြန့်ဖြူး ရောင်းချမှုလုံးဝမပြုလုပ်ရပါ။

          (ဃ)    စက်သုံးဆီ အသင်းဝင်ဖြစ်ရန်လိုပြီး ယခင် စက်သုံးဆီ တင်သွင်းဆောင်ရွက်ခဲ့သည့် အထောက်အထား တင်ပြရပါမည်။

          ( င )   စွမ်းအင်ဝန်ကြီးဌာန၏ စက်သုံးဆီအရည်အသွေးစစ်ဆေးချက် (Lab Test Result) ရယူဆောင်ရွက်ရပါမည်။ (ဆိပ်ကမ်းရောက်ရှိချိန်)

          ( စ )   ပြည်ပမှ တင်သွင်းရောက်ရှိချိန်မှ ပြည်တွင်း၌ အဆင့်ဆင့် သယ်ဆောင်ခြင်း၊ ပြည်ပသို့ ပြန်လည်တင်ပို့ပြီးချိန်အထိ လုပ်ငန်းဆောင်ရွက်မှုတိုင်းကို ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် တာဝန်ရှိပြီး ညွှန်ကြားချက်အား လိုက်နာဆောင်ရွက် မှု မရှိပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ကို ခံဝန်ကတိပြုရန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ပြန်အမ်းမည်မဟုတ်ပါ။

 

လယ်ယာထွက်ကုန်သီးနှံများအား တင်သွင်းတင်ပို့ခြင်း

၁၄။     လယ်ယာထွက်ကုန် စိုက်ပျိုးသီးနှံများအား Re-Export စနစ်ဖြင့် ကုန်သွယ်ခွင့်ပြုရာ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော Re-Export လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်သည့်အပြင် စိုက်ပျိုးရေး ဦးစီးဌာနမှ သတ်မှတ်ထားသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရမည်။

 

ကုန်ပစ္စည်းများ အကောက်ခွန်စစ်ဆေးခြင်း

၁၅။     Re-Export စနစ်ဖြင့် တင်သွင်း/တင်ပို့လာသော ကုန်ပစ္စည်းများစစ်ဆေးခြင်းကို သက်ဆိုင်ရာ အကောက်ခွန်ဦးစီးဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ပါသည်။

 

အခွန်ပေးဆောင်ခြင်း

၁၆။     အခွန်ကောက်ခံမှုစနစ်ကို ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့၏ အခွန် ကောက်ခံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရမည်။

 

စာရင်းသွင်းမှုစနစ်

၁၇။     Re-Exportစနစ်ဖြင့် တင်ပို့သောအချက်အလက်များကို စုစုပေါင်း ပို့ကုန်ပမာဏတွင် ဖော်ပြ သည့်နည်းတူ အချက်အလက်များ လေ့လာဆန်းစစ်ရန်အတွက် သီးသန့်အနေဖြင့် Re-export စနစ်ဖြင့် တင်သွင်းပမာဏ၊ တင်ပို့ပမာဏတို့ကို ကုမ္ပဏီအလိုက် တိတိကျကျ လိုင်စင်တစ်စောင်ချင်းအလိုက် စာရင်း ထိန်းသိမ်းရပါမည်။

 

ငွေကြေးဆိုင်ရာကိစ္စများဆောင်ရွက်ခြင်း

၁၈။     Re-export ကုန်သွယ်မှု၌ ငွေပေးချေမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတ်မှတ် ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

 

Monitoring ဆောင်ရွက်ခြင်း

၁၉။     Re-export လိုင်စင် (သွင်းကုန်လိုင်စင်/ ပြန်လည်တင်ပို့ခြင်းလိုင်စင်) လျှောက်ထားခြင်း၊ အမှန်တင်သွင်းခြင်း/ အမှန်ပြန်လည်တင်ပို့ခြင်းများအတွက် စောင့်ကြည့်စစ်ဆေးမှု (Monitoring) အား အောက်ပါအတိုင်း ဆောင်ရွက်ရမည် -

          (က)    အထက်အပိုဒ် (၉) ပါRe-export ဖြင့် ဆောင်ရွက်မည့် ကုမ္ပဏီများ စိစစ်ရေးအဖွဲ့သည် ကုမ္ပဏီများ၏ Re-export လျှောက်ထားမှုများအား အထက်ပါလုပ်နည်းသတ်မှတ် ချက်များနှင့်အညီ စိစစ်ဆောင်ရွက်ခြင်းအပြင် ကုမ္ပဏီတစ်ခုချင်းအလိုက် လိုင်စင် လျှောက်ထားမှု၊ အမှန် တင်သွင်း/တင်ပို့မှု၊ ခွင့်ပြုသက်တမ်းအတွင်း အမှန်တင်ပို့/ တင်သွင်းဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဘဏ် နိုင်ငံခြားငွေစာရင်းသို့ ငွေဝင် ရောက်မှုတို့ကို Monitoring ဆောင်ရွက်၍ ပို့ကုန်သွင်းကုန်လုပ်ငန်းများညှိနှိုင်းမှုအဖွဲ့ အစည်းအဝေး၊ ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီတို့သို့ အပတ်စဉ် စာရင်းချုပ်ပြုစု တင်ပြရမည်။

          ( ခ )   စက်သုံးဆီ Re-export ဆောင်ရွက်ခြင်းအတွက် (ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအရ အခွန်ပြန်အမ်းရမည့်စနစ်ပါဝင်သဖြင့်) အောက်ပါအတိုင်း Monitoring ဆောင်ရွက်ပါမည် -

                   (၁)     စက်သုံးဆီ (ဒီဇယ်ဆီ) Re-export စနစ်ဖြင့် ပင်လယ်ရေကြောင်းမှ စတင် တင်သွင်းချိန်မှစ၍ ပြန်လည်တင်ပို့ချိန်အတွင်း ရန်ကုန်၊ မန္တလေး (၁၆) မိုင်နှင့် မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်တို့တွင် Check Point များထားရှိ၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင်တို့ပါဝင်သော စစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်း၍ စစ်ဆေးဆောင်ရွက်သွားပါမည်။

                   (၂)     အဆိုပါ စစ်ဆေးရေးအဖွဲ့များမှ စက်သုံးဆီများ ပို့ကုန်ကြေညာလွှာ (ED) ၊ သွင်းကုန်ကြေညာလွှာ (ID) ဖွင့်လှစ်ဆောင်ရွက်မှု၊ ဖြတ်သန်းသယ်ဆောင်မှု၊ တန်ချိန်၊ တန်ဖိုးများ၊ ယာဉ်စာရင်းများနှင့် အခြားလိုအပ်ချက်များအား စစ်ဆေး ဆောင်ရွက်ရန်ဖြစ်ပြီး ဆောင်ရွက်မှုအခြေအနေများအား တစ်ပတ် (၁) ကြိမ် ရုံးချုပ်သို့ Check List ဖြင့် ပြုစုတင်ပြရမည်။    

   

စည်းကမ်းချက်များ

၂၀။     ပြန်လည်တင်ပို့ခြင်း (Re-Export) လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များသည် အောက်ပါ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်-

          (က)    Re-Export စနစ်ဖြင့် စတင်ကုန်သွယ်မှုပြုမည့်ကုမ္ပဏီများ/ ကုမ္ပဏီအသစ်စတင် တည်ထောင်ဆောင်ရွက်သူများသည် လုပ်ငန်းများ စတင်မဆောင်ရွက်မီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန Re-Export စနစ်ဖြင့် ကုန်သွယ်မှုဆောင်ရွက်မည့် ကုမ္ပဏီများစိစစ်ရေးအဖွဲ့သို့ သတင်းပေးပို့ ဆောင်ရွက်ရမည်။

          ( ခ )   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ခွင့်ပြုသည့် Re-Export သွင်းကုန်/ ထုတ်ကုန် လိုင်စင်ခွင့်ပြုချက်များ ရရှိမှသာ တင်သွင်းခွင့်/ တင်ပို့ခွင့် ရှိသည်။ လိုင်စင်မရရှိမီ ကြိုတင်၍ တင်သွင်းခြင်း၊ တင်ပို့ခြင်းများ လုံးဝခွင့်မပြုပါ။

          ( ဂ )   ပြည်ပမှတင်သွင်းခြင်း၊ ပြန်လည်တင်ပို့ခြင်းတို့ကို လိုင်စင်လျှောက်ထားစဉ်က တင်ပြ ထားသည့် လမ်းကြောင်းအတိုင်း သယ်ဆောင်ခွင့်ရှိသည်။

          (ဃ)    တင်သွင်းမည့်အချိန်၊ ပြန်လည်တင်ပို့မည့် အချိန်တို့ကို ရက်စွဲ၊ ဆိပ်ကမ်း (သို့မဟုတ်) တင်ပို့/တင်သွင်းမည့် စခန်းတို့ကို ဖော်ပြ၍ Monitoring လုပ်မည့် အဖွဲ့အစည်းသို့ ဆက်သွယ်သတင်းပေးပို့ရမည်။

          ( င )   ကုန်တင်ပို့မည့်နိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ၎င်းကုန်စည်အား လက်မခံပါက ကုမ္ပဏီ၏အစီအစဉ်ဖြင့် ကုန်တင်သွင်းခဲ့သောနိုင်ငံသို့ ပြန်လည်တင်ပို့ရမည်။

          ( စ )   တင်သွင်း/တင်ပို့မည့် ပစ္စည်းများနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိပါက Re-export မှတ်ပုံတင် ကတ်ခွင့်ပြုထားမှုအား ပယ်ဖျက်ခြင်း၊ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ပါသည်။    

 

အထွေထွေ               

၂၁။     Re-Export စနစ်ဖြင့် ကုန်သွယ်ခွင့်ပြုခြင်းအား နိုင်ငံတော်၏ ကုန်သွယ်မှုပမာဏ တိုးတက် ရေးအတွက် ရှေးရှုဆောင်ရွက်ခြင်းဖြစ်၍ အကယ်၍ နိုင်ငံတော်၏ လုပ်ငန်းလိုအပ်ချက်အရ လုပ်ထုံး လုပ်နည်း ပြင်ဆင်သတ်မှတ်ရန် လိုအပ်လာပါက ပြင်ဆင်ရေးဆွဲဆောင်ရွက်ရမည်။