ပြည်ပတင်ပို့မှု ပိုမိုခဲ့သော မြန်မာ့နှမ်း

Tue, 07/10/2012 - 08:12 -- Anonymous (not verified)

ပင်လယ်ရေကြောင်းမှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာ နှစ်မှာ နှမ်းတန်ချိန် နှစ်သောင်းကိုးထောင်ကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၅ သန်းကျော်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ နှမ်းတန်ချိန် သုံး သောင်းခြောက်ထောင်ကျော်၊ တန်ဖိုးအမေရိကန် ဒေါ်လာ ၅၈ သန်းကျော် တင်ပို့နိုင်ခဲ့ရာ ကာလ တူထက်  တန်ချိန်ခြောက်ထောင့်ငါးရာကျော်၊ တန်ဖိုး ၁၃ သန်းကျော် ပိုမိုတိုးမြှင့်တင်ပို့နိုင်ခဲ့တာ ကို တွေ့ရှိရပါတယ်။ နှမ်းတင်ပို့နိုင်မှု စုစုပေါင်း အပေါ် ဈေးကွက်ဝေစုရရှိမှုအနေနဲ့ ဂျပန်နိုင်ငံကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ ၃၉ ဒသမ ၉၁ ရာခိုင် နှုန်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ၄၀ ဒသမ ၁၃ ရာခိုင်နှုန်း၊ ဒုတိယအများဆုံးတင်ပို့ခဲ့တဲ့ တောင်ကို ရီးယားနိုင်ငံကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် မှာ ၂၇ ဒသမ ၀၃ ရာခိုင်နှုန်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ၃၃ ဒသမ ၄၀ ရာခိုင်နှုန်း၊ စတုတ္ထအများဆုံးတင် ပို့နိုင်ခဲ့တဲ့ မလေးရှားနိုင်ငံကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာ နှစ်မှာ ၅ ဒသမ ၇၄ ရာခိုင်နှုန်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ၆ ဒသမ ၀၅ ရာခိုင်နှုန်းကို အသီး သီး  တိုးမြှင့်တင်ပို့နိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ တတိယအများဆုံးတင်ပို့ခဲ့တဲ့ စင်ကာပူနိုင်ငံကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ ၁၃ ဒသမ ၂၇ ရာခိုင် နှုန်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ၁၃ ဒသမ ၀၅ ရာခိုင်နှုန်း၊ ပဉ္စမအများဆုံးတင်ပို့နိုင်ခဲ့တဲ့ တရုတ် နိုင်ငံကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ ၁၀ ဒသမ ၃၅ ရာခိုင်နှုန်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ၅ ဒသမ ၈၃ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံကို ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ ၂ ဒသမ ၉၈ ရာခိုင်နှုန်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ သုည ဒသမ ၉၈ ရာခိုင်နှုန်းကို အသီးသီးဈေးကွက်ဝေစုလျော့နည်း တင်ပို့ခဲ့တာကို တွေ့ရှိရပါတယ်။ နှမ်း FOB ဈေးနှုန်းအနေနဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ တစ်တန်ကို ပျမ်းမျှကန်ဒေါ်လာ ၁၄၅၀-၁၅၀၀ နဲ့ အမြင့်ဈေးမှာ တည်ငြိမ်လျက်ရှိ ပါတယ်။ နှမ်းပိုမိုတင်ပို့နိုင်ခဲ့ခြင်းမှာ ယခင်နှစ်က ပြည်တွင်းလိုအပ်ချက်အရ တင်ပို့ခွင့်ပိတ်ပင်ထား ရှိခဲ့တဲ့ နှမ်းနီ၊ နှမ်းညို၊ နှမ်းဆီတွေကို ပြည်ပကို ပြန်လည်တင်ပို့ ခွင့်ပြုခဲ့ခြင်း၊  ကမ္ဘာ့ဝယ်လိုအား မြင့်တက်ခဲ့ပြီး ပြည်ပဝယ်ဈေး မြင့်တက်ခဲ့ခြင်း တွေကြောင့်ဖြစ်ကြောင်း သိရှိရပါတယ်။
မောင်မောင်လွင်