ပြည်တွင်း ပဲဈေးကွက်အနည်းငယ်ပြန်မာလာ (၁၇.၁၂.၂၀၁၂)

Thu, 12/20/2012 - 06:37 -- Anonymous (not verified)

ယခုတစ်ပတ် မတ်ပဲ၊ ပဲတီစိမ်းဈေး အနည်းငယ်ပြန်မာလာတာတွေ့ရပါသည်။ ယခုအပတ် ပါကစ္စတန်ဝယ်လက်များ အဝယ်လိုက်လာခဲ့တယ်လို့သိရပါသည်။နယ်စပ်မှ တစ်ဆင့် တရုတ်နိုင်ငံကိုတင်ပို့မှုသွက်နေပြီး ပဲအားလုံးထဲမှာ ပဲတီစိမ်းဈေးက ပိုမိုမြင့် တက်လာတာလည်းတွေ့ရပါသည်။ ပဲတီစိမ်းကတော့ ရန်ကုန်အတွက် ဝယ်လက်နဲ့ တရုတ်ပို့ဖို့ဝယ်လက်တွေ အရောင်းအဝယ်သွက်နေတယ်လို့ သိရပါသည်။ ပဲစင်းငုံပဲဟောင်း လက်ကျန်များများမရှိသလို ပဲအသစ်ကလည်း ဒီနှစ်အထွက်လျော့ မယ်လို့လည်း ခန့်မှန်းကြပါသည်။