ပြည်တွင်းပဲမျိုးစုံ တင်ပို့မှု ဈေးကွက်အခြေအနေ (၂၆.၁၁.၂၀၁၂)

Thu, 11/29/2012 - 06:50 -- Anonymous (not verified)

ပြည်တွင်းပဲဈေးကွက်မှာ ယခင်တစ်ပတ်ထက် ပဲတစ်တန်လျှင် ကျပ်နှစ်သောင်းခန့် လျော့ကျလာတာတွေ့ရပါသည်။မတ်ပဲဈေးမှာ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ယခင်တစ် ပတ်က တစ်တန်လျှင် ကျပ် ၄၇၀၀၀၀ ၊ယခုတစ်ပတ်မှာတော့ ၄၅၀၀၀၀ ကျပ် လျော့ကျ ခဲ့ပါသည်။ပဲတီစိမ်းမှာ ယခင်တစ်ပတ်က ၇၅၀၀၀၀ ကျော် ဈေးရှိခဲ့ရာမှ ကျပ် ၇၁၃၀၀၀ ကျော် ကျပ်သုံးသောင်းကျော်လျော့ကျပြီး၊ ပဲစင်းငုံမှာ ကျပ် ၅၄၀၀၀၀ ကျော်မှ ၅၂၀၀၀၀ ကျော် အသီးသီးလျော့ကျလာတာတွေ့ရပါသည်။မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ထောပတ်ပဲ ၃၉ တန်ခွဲ ၊အမေရိကန်ဒေါ်လာ ဝ.၀၂၃ သန်း၊မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ မတ်ပဲ ၅တန်ခွဲ၊အမေရိကန်ဒေါ်လာ ဝ.၀၀၄ သန်းဖိုး ယခုတစ်ပတ်အတွင်း တင်ပို့နိုင်တာတွေ့ရပါသည်။