ပြည်တွင်းပဲဈေးကွက် လတ်တလောအခြေအနေ

Mon, 09/03/2012 - 07:28 -- Anonymous (not verified)

ယခုတစ်ပတ်မှာ ပဲမျိုးစုံဈေးပြန်ကျဆင်းလာသလို အရောင်းအဝယ်ဖြစ်မှုလည်း သိသိသာသာလျော့ကျလာတာတွေ့ရပါသည်။ မတ်ပဲအနေနဲ့ ဘုရင့်နောင် ကုန်စည် ဒိုင်ဈေးကွက်မှာ ပြည်တွင်းဈေး တစ်တန် ကျပ်နှစ်သောင်းဝန်းကျင် ဆင်းလာခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာလည်း နည်းတာတွေတွေ့ရပါသည်။ ပြည်ပဝယ်လက် အေးတဲ့ အပြင် ပြည်တွင်းဈေးကမြင့်နေတဲ့အတွက် အရောင်းအဝယ်မဖြစ်ဘဲ ဈေးဆင်းလာခြင်း ဖြစ်ပါသည်။

အလားတူပဲစင်းငုံဈေးလည်း တစ်ပတ်အတွင်း ကျပ်တစ်သောင်းဝန်ကျင် ဆင်းလာ ခဲ့ပြီး အရောင်းအဝယ်ဖြစ်မှု တော်တော်လျော့နည်းတာတွေ့ရပါသည်။ ပြည်တွင်း လက်ကျန်နည်းလာပြီ ဖြစ်တဲ့အတွက် ကုန်သည်များမှ ထိန်းရောင်းနေလို့ အရောင်း အဝယ်ပါးခြင်းဖြစ်တယ်လို့ သိရပါသည်။ အပတ်စဉ်တင်ပို့မှုမှာလည်း လျော့ကျနေတာ တွေ့ရပါသည်။

အသစ်ဝင်လာတဲ့ ပဲတီစိမ်းများကို ဈေးအမြင့်မှာ အရောင်းအဝယ်ဖြစ်နေခဲ့ရာမှ ယခုတစ်ပတ်မှာတော့ ပြန်လည်လျော့ကျလာခဲ့ပါသည်။ တစ်ပတ်အတွင်း တစ်တန် ကျပ်တစ်သောင်းကျော် လျော့ကျရောင်းဝယ်ခဲ့သလို ပြည်ပတင်ပို့မှုမှာလည်း လျော့ကျ နေပါသည်။

ပြည်တွင်းအသုံးများလို့ ကုလားပဲတင်ပို့မှုလည်း လျော့ကျသလို အရောင်းအဝယ် ဖြစ်မှုလည်း နည်းနေပါသည်။ အခြားပဲတွေထဲမှာ ပဲလွန်းဖြူကတော့ အရောင်းအဝယ် ဖြစ်မှုများသလို မြေထောက်ပဲလည်းအသင့်အတင့် အရောင်းအဝယ်ရှိကြောင်း သိရပါ သည်။