ပဲမျိုးစုံ ဈေးကွက်အခြေအနေ

Wed, 09/19/2012 - 08:08 -- Anonymous (not verified)

ပဲဈေးကွက်အတွင်း ပဲမျိုးစုံလက်ကျန်နည်းလာခဲ့သဖြင့် ပဲဈေးနှုန်းများ အကျဘက် သို့ဦးတည်နေပါသည်။ မတ်ပဲ၊ပဲတီစိမ်း၊ပဲစဉ်းငုံဈေးနှုန်းများမှာ ယခင်အပတ်နှင့် ကွာခြားမှုမရှိဘဲ ပဲကြီးဈေးနှုန်းမြင့်တက်နေပါသည်။ ပဲတီစိမ်းဈေးမှာ တရုတ်ဈေးတစ်တန် ကို ၈၀၉ ဒေါ်လာဖြစ်ပြီး မြန်မာဈေးကွက်မှာ ၆၈၉၂၅၅ ကျပ်ဖြစ်ပါသည်။