ပဲမျိုးစုံဈေးကွက်အခြေအနေ (28.1.2013)

Fri, 05/17/2013 - 10:43 -- admin

ယခုတစ်ပတ်တွင် အဓိကပဲ (၄)မျိုးဖြစ်သည့် ပြည်တွင်းဈေးနှုန်းများ အနေဖြင့် မတ်ပဲတစ်မျိုးမှာ ဈေးမြင့်တက်နေပြီး ပဲတီစိမ်းနှင့် ပဲစင်းငုံမှာ ယခင်အပတ်ထက် ဈေးကျနေပါသည်။ ကုလားပဲဖြူလုံးကြီး မှာယခင်အပတ်အတိုင်း ဈေးငြိမ်နေပါသည်။ မတ်ပဲပြည်တွင်းဈေး ၄၈၀၀၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၅၃၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၅၈၉ ဒေါ်လာ၊ ပဲတီစိမ်းပြည်တွင်းဈေး ၇၅၆၃၀၀ ကျပ်၊ ပြည်တွင် FOB ဈေး ၉၇၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၃၀၀၃ ဒေါ်လာ၊ ပဲစင်းငုံပြည်တွင်းဈေး ၅၂၀၀၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၆၈၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၆၈၂ ဒေါ်လာနှင့် ကုလားပဲဖြူလုံးကြီး ပြည်တွင်းဈေး ၅၅၁၁၀၀ ကျပ် FOB ၆၆၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၆၉၁ ဒေါ်လာ ဖြစ်ကြောင်း သိရပါသည်။