ပဲတီစိမ်းလုံးပြည့်နဲ့ လုံးခြမ်း တင်ပို့မှု (၁၉.၁၁.၂၀၁၂)

Mon, 11/26/2012 - 06:19 -- Anonymous (not verified)

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅မိုင်မှ နိုဝင်ဘာ ဒုတိယပတ် ကာလအတွင်း အမေရိကန်ဒေါ်လာ ဝ.၁၁၆ သန်း၊ တန်ဖိုးရှိပြီး ပဲတီစိမ်းလုံးပြည့် ၁၃၈ တန်ကျော်နှင့် အမေရိကန်ဒေါ်လာ ဝ.၁၅၉ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၄၂ တန်ကို တစ်ဖက်နိုင်ငံ သို့ တင်ပို့ခဲ့ပါသည်။ ယခုအပတ် ပဲတီစိမ်းတင်ပို့မှု တန် ၂၈၀ ကျော်ရှိတဲ့အတွက် ယခင် အပတ်ထက် ၃၁ တန်ကျော် ပိုမိုတင်ပို့ ခဲ့ပါ သည်။ ပြည်ပဈေးကွက်မှာ ပဲတီစိမ်း တစ်တန်လျင်ပေါက်ဈေး ၆၉၁၁၁၁ ကျပ်နှင့် အမေရိကန်ပေါက်ဈေး ၈၂၉ ဒေါ်လာရှိပါ သည်။