ပဲဈးကွက် (18.2.2013)

Fri, 05/17/2013 - 10:47 -- admin

ယခုတစ်ပတ်တွင် အဓိကပဲ (၄)မျိုး၏ ပြည်တွင်းဈေးနှုန်းများ အနေဖြင့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် ကုလားပဲဖြူလုံးကြီးတို့မှာ ယခင်အပတ်ထက်ဈေးတက် နေပါသည်။ မတ်ပဲပြည်တွင်းဈေး ၄၃၅၀၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၅၅၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၅၇၁ ဒေါ်လာ၊ ပဲတီစိမ်း ပြည်တွင်းဈေး ၇၉၆၁၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၉၈၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၉၈၉ ဒေါ်လာ၊ ပဲစင်းငုံပြည်တွင်းဈေး ၅၇၅၀၀၀ ကျပ်၊ ပြည်တွင်း FOB ဈေး ၇၀၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၇၀၀ ဒေါ်လာနှင့် ကုလားပဲဖြူလုံးကြီး ပြည်တွင်းဈေး ၅၂၀၅၀၀ ကျပ် FOB ၆၈၀ ဒေါ်လာ၊ အိန္ဒိယမွန်ဘိုင်းဈေး ၆၄၄ ဒေါ်လာ ဖြစ်ကြောင်း သိရပါသည်။