ကုန်စည်ဒိုင်အတွင်း ပွဲစားလုပ်ကိုင်ခွင့်ရပ်ဆိုင်း၊ ဝယ်လိုအားကောင်း၊ ဈေးကွက်ပြန် တက်လာ(10.9.2012)

Mon, 09/10/2012 - 05:37 -- Anonymous (not verified)

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စက်တင်ဘာလ ၁ ရက် ကစပြီး ပွဲစားလုပ်ကိုင်ခွင့် ရပ်ဆိုင်းလိုက်ပြီးတဲ့နောက် အရောင်းအဝယ်တန့်သလိုဖြစ်ခဲ့ သော်လည်း အိန္ဒိယအဝယ်အမှန်တကယ်လိုက်လာတဲ့ ယခုရက်ပိုင်းတွင် ဈေးကွက် ပြန်တက် လာခဲ့ကြောင်းသိရပါသည်။ ကြားခံပွဲစား မထားဘဲရောင်းသူနဲ့ ဝယ်သူ တိုက်ရိုက်ထိတွေ့ ရောင်းဝယ်ခြင်းအားဖြင့် ဈေးကစားမှုများ မရှိတော့ကြောင်း သိရပါသည်။

မတ်ပဲ

ယခုတစ်ပတ်အတွင်း မတ်ပဲတစ်တန် နှစ်သောင်းကျော် ပြန်တက်လာခဲ့ပြီး သြဂုတ်လ တစ်လလုံး တင်ပို့မှုအနေနှင့် တန်ချိန် သုံးသောင်းကျော်ခန့်ရှိပြီး မတ်ပဲတင်ပို့ မှု သိသိသာသာလျော့ကျကြောင်းသိရပါသည်။

ပဲစင်းငုံ

ပဲစင်းငုံဈေးလည်း ယခုတစ်ပတ်ပြန်မတ်လာခဲ့ပါသည်။ ပဲစင်းငုံအဟောင်းနှင့် အသစ် ၂ မျိုးလုံးပုံမှန်ရောင်းဝယ်နေရာမှ ယခုတစ်ပတ်မှာ အရောင်းအဝယ် ပြန်တက် လာခဲ့ပါသည်။ ပြည်တွင်းလက်ကျန် အသင့်အတင့်ရှိသောလည်း အရောင်းအဝယ် ပုံမှန်ရှိနေသဖြင့် ပဲစင်းငုံဈေး အလားအလာကောင်းနိုင်ကြောင်း ခန့်မှန်းကြပါသည်။ သြဂုတ်လ တစ်လလုံး တင်ပို့မှုအနေနှင့်ပဲစင်းငုံတန်ချိန် ၂၂၄၀၀ ခန့်ရှိပြီး ၊သြဂုတ်လ တွင် အနည်းငယ်ပိုတင် လာကြောင်းတွေ့ရပါသည်။

ပဲတီစိမ်း

အညာပဲတီစိမ်းမှာ ပုံမှန်သာအရောင်းအဝယ်ရှိသဖြင့် ပဲတီစိမ်းမှာငြိမ်နေသည်ကို သိရပါသည်။ သြဂုတ်လတင်ပို့မှုအနေနဲ့ တန်ချိန် ၁၁၀၀၀ ခန့် သာရှိသဖြင့် တင် ပို့မှု လျော့ကျသည်ကိုတွေ့ရပါသည်။

သြဂုတ်လအတွင်းမှာ ကုလားပဲတန်ချိန် ၁၆၀၀၊ ပဲလွန်းဖြူ တန် ၁၂၀၀ ခန့်နဲ့ မြေထောက်ပဲ တန် ၃၇၀ ခန့် တင်ပို့မှုရှိကြောင်းသိရပါသည်။