ပဲလွန်းဖြူတင်ပို့မှု

Fri, 06/15/2012 - 09:03 -- Anonymous (not verified)

ပဲလွန်းဖြူတင်ပို့မှု နဲ့ အရောင်းအဝယ်ပြန်ကောင်းလာ ယခုအပတ် ပင်လယ်ရေကြောင်းမှ ပဲလွန်းဖြူတင်ပို့မှုနှင့် FOB အရောင်းအဝယ် ပြန်ကောင်းလာခဲ့ပါသည်။ ယခင်တစ်ပတ်က တန်ချိန် ၁၄၅၀ခန့် တင်ပို့မှုရှိခဲ့ပြီး မေ ၂၈ ရက်မှ ဇွန် ၁ ရက်အထိ တစ်ပတ်အတွင်းမှာ ပဲလွန်းဖြူတန်ချိန် ၁၆၀၀ ခန့်တင်ပို့ နိုင်ခဲ့ ကြောင်းသိရပါသည်။ ယခုတစ်ပတ်တင်ပို့တဲ့ နိုင်ငံများကတော့ အိန္ဒိယ၊ ကိုရီးယား ၊ မလေးရှား၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ ဖြစ်ပါသည်။ မေ တစ်လလုံးတွင် ပဲလွန်းဖြူ တန်ချိန် ၅၇၀၀ ခန့် တင်ပို့ခဲ့ပြီး ဧပြီအတွင်းမှာ တန်ချိန် ၅၀၀၀ခန့်ရှိခဲ့ပါသည်။၂၀၁၁ မေလအတွင်းမှာ ပဲလွန်းဖြူတန်ချိန် ၃၉၀၀ ခန့် တင်ပို့ခဲ့လို့ ယခုနှစ်မေလမှာ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရပါသည်။ ယခုဘဏ္ဍာနှစ် ဇွန် ၁ ရက် အထိ ပဲလွန်းဖြူ စုစုပေါင်း တန်ချိန် ၁၁၅၀၀ ခန့်ရှိပြီး ကန်ဒေါ်လာ ၈ ဒသမ ၅ သန်း နီးပါးရရှိခဲ့ပါသည်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာ ပဲလွန်းဖြူ တန်ချိန် ၈၃၀၀ခန့်မှ ကန်ဒေါ်လာ ၇ဒသမ ၅သန်း ရရှိခဲ့လို့ ယခုနှစ်မှာ ပိုမိုတင်ပို့နိုင်ကြောင်း သိရပါသည်။ လာမယ့်သီတင်းပတ်များတွင် ဆက်လက်တင်ပို့နိုင်မယ်ဟုခန့်မှန်းရပါသည်။ ရန်ကုန် FOB ဈေးကွက်မှာလည်း ယခုတစ်ပတ်မှာ ရောင်းဝယ်မှု ပြန်တက်လာ ခဲ့ပါသည်။ ယခင်တစ်ပတ် တန်ချိန် ၆၀၀ကျော်သာ အရောင်းအဝယ် ဖြစ်ခဲ့ရာမှ ဇွန်လ ၁ ရက်မှ ၇ ရက်အတွင်းမှာတော့ တန်ချိန် တစ်သောင်းကျော်အထိ တိုးတက်ခဲ့ပါသည်။ အရောင်းအဝယ် တိုးတက်သော်လည်း FOB ဈေး ယခင်တစ်ပတ်ကဲ့သို့ ပြောင်းလဲမှုမရှိ ကြောင်းသိရပါသည်။ ဇွန် ၈ ရက် ရန်ကုန် FOB မှာ ပဲလွန်းဖြူ FAQ တစ်တန် ကန်ဒေါ်လာ ၆၆၀-၆၈၀ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၇၉၀-၈၁၀ ရှိကြောင်းသိရပါ သည်။