ပဲလွန်းဖြူတင်ပို့မှု

Fri, 06/15/2012 - 08:58 -- Anonymous (not verified)

ပဲလွန်းဖြူ
ပဲလွန်းဖြူတင်ပို့မှု ယခင်သီတင်းပတ်ထက် ပို
ပင်လယ်ရေကြောင်းက ပဲလွန်းဖြူတင်ပို့မှုမှာ ယခင်တစ်ပတ်တင်ပို့တဲ့ တန်ချိန် ၉၀၀ထက်ပိုပြီး ယခုတစ်ပတ် (မေလ ၂၁-၂၅)အတွင်းမှာ တန်ချိန် ၁၄၅၀ ခန့်ထိ ပိုမိုတင်ပို့ခဲ့ပါသည်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ကိုရီးယား၊ မလေးရှား၊ဖိလစ်ပိုင်၊ စင်ကာပူ၊ထိုင်းနဲ့ ဗီယက်နမ်တို့ဖြစ်ပါသည်။၂၀၁၂-၁၃မေလ ၂၅ရက်အထိ စုစုပေါင်း ပဲလွန်းဖြူတင်ပို့မှုတန်ချိန် ၉၈၀၀ကျော်မှ ကန်ဒေါ်လာ ၇သန်း ကျော်ရရှိထားပြီး ယခင်နှစ်ကာလတူက တန်ချိန် ၇၆၀၀နီးပါးမှ ကန်ဒေါ်လာ ၇သန်းနီးပါးရှိလို့ ယခုနှစ်မှာယခင်နှစ်ရောင်းဈေးလောက် မရရှိတာတွေ့ ရပါသည်။
ရန်ကုန် FOB ဈေးကွက်မှာတော့ နေ့စဉ်အရောင်းအဝယ် ပမာဏအနည်းငယ်သာဖြစ်လို့ တစ်ပတ်အတွင်း စုစုပေါင်းတန် ၆၀၀ကျော်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။ ပြည်တွင်းဈေးကွက် တွေမှာလက်ကျန် လျော့နည်းလာပြီဖြစ်လို့ အရောင်းအဝယ်လည်းလျော့လာပါသည်။ ရန်ကုန် FOB ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ ဇွန် ၁ရက်မှာ FAQ တစ်တန် ကန်ဒေါ်လာ ၆၆၀-၆၈၀ နဲ့SQ မှာ ကန်ဒေါ်လာ ၇၉၀-၈၁၀ ရှိကြောင်းသိရပါသည်။