ပဲလွန်းဖြူ

Mon, 04/23/2012 - 08:30 -- Anonymous (not verified)

၂၀၁၂ခုနှစ်၊မတ်လအတွင်း ပဲလွန်းဖြူတင်ပို့မှုမှာ တန်ချိန် ၈၀၀၀ ရှိပြီး ဖေဖော်ဝါရီ လတွင် တန်ချိန်၄၈၀၀ခန့်တင်ပို့ခဲ့၍ မတ်လတွင် တစ်ဆနီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ ၂၀၁၁ခုနှစ်၊ မတ်လအတွင်းတွင် ပဲလွန်းဖြူတန်ချိန် ၆၅၀၀ကျော်တင်ပို့နိုင်ခဲ့၍ ကာလတူ တင်ပို့မှု ပိုများလာခဲ့ပါသည်။ မတ်လ၂၆ရက်မှ ၃၁ရက်အထိ တစ်ပတ်အတွင်းတင်ပို့မှုမှာ အီဂျစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့ကို တန်ချိန်၁၄၀၀နီးပါး တင်ပို့ခဲ့ပါသည်။

၂၀၁၁-၁၂ဘဏ္ဍာနှစ် တစ်နှစ်လုံးတွင် ပဲလွန်းဖြူစုစုပေါင်းတန်ချိန် ၃၅၀၀၀ကျော် မှ အမေရိကန်ဒေါ်လာ သန်း၃၀ကျော်ရရှိခဲ့ပြီး ယခင်၂၀၁၀-၁၁ဘဏ္ဍာနှစ်တွင် တန်ချိန် ၂၈၀၀၀၀ကျော်မှ အမေရိကန်ဒေါ်လာ ၂၄သန်းကျော်ရရှိခဲ့၍ ယခုနှစ်တွင် တန်ချိန် ၇၀၀၀ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

ရန်ကုန် FOB ဈေးကွက်တွင် မတ်လ၃၁ရက်မှ ဧပြီလ၅ရက်နေ့ထိ အရောင်း အဝယ် စာချုပ်ချုပ်ဆိုမှုမှာ တန်ချိန်၁၂၀၀ခန့် ရှိကြောင်းသိရပါသည်။ အရောင်းအဝယ် ပုံမှန် ရှိနေသကဲ့သို့ FOB ဈေးမှာလည်း ပြောင်းလဲခြင်းမရှိဘဲ ဧပြီလ၅ရက်တွင် ပဲလွန်းဖြူ FAQ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၆၀-၆၈၀နှင့် ပဲလွန်းဖြူ SQ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၉၀-၈၁ဝရှိကြောင်းသိရပါသည်။