အမှုထမ်းများအတွက်အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၂)

Wed, 04/07/2021 - 09:29 -- tradetraining
အမှုထမ်းများအတွက်အင်္ဂလိပ် ဘာသာစကားကျွမ်းကျင်မှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂)  ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခြင်း
အမှုထမ်းများအတွက်အင်္ဂလိပ် ဘာသာစကားကျွမ်းကျင်မှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂)  ညွှန်ကြားရေးမှူးမှ သင်ခန်းစာ ပို့ချခြင်း

၁။      ကုန်သွယ်ရေးဦးစီးဌာနရှိ၊ ဌာနတွင်း အမှုထမ်းများအတွက် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂)  Basic English Grammer and Speaking Course အား  (၅-၁၀-၂၀၂၂) ရက်နေ့ ၊ နေ့လယ်  (၁၄ : ဝဝ)  နာရီ အချိန်တွင် သင်တန်း  စတင်ဖွင့်လှစ် ခဲ့ပါသည်။

၂။         အဆိုပါ သင်တန်း မစတင်ခင် အချိန်တွင် ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် တို့သည် သင်တန်းတက်ရောက်လာသည့် သင်တန်းသားများကို တွေ့ဆုံအားပေးခဲ့ပြီး ညွှန်ကြားရေး မှူးချုပ်မှ အမှာစကား ပြောကြားခဲ့ပါသည်။

၃။      အဆိုပါသင်တန်းကို (၅-၁၀-၂၀၂၂) ရက်နေ့မှ (၂၈-၁၁-၂၀၂၂) ရက်နေ့အထိ ရက်သတ္တပတ် (၁) ပတ်လျှင်  ဗုဒ္ဓဟူးနေ့နှင့်ကြာသာပတေးနေ့ (၂) ရက် နေ့လယ် (၁၄:ဝဝ) နာရီမှ (၁၅ : ၃၀) နာရီ အထိ ရက်သတ္တပတ် (၈) ပတ်ကြာ ဝန်ထမ်းများ အင်္ဂလိပ်ဘာသာစကား အရည်အချင်းတိုးတက် စေရန် ရည်ရွယ်၍ Covid-19 ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာညွှန်ကြားချက် ၊ စည်းကမ်းချက်များ နှင့်အညီ သင်တန်းဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းသို့ ဦးစီးမှူးမှ အငယ်တန်းစာရေးအထိ သင်တန်းသား(၄၀) ဦး တက်ရောက်သင်ကြားလျက်ရှိပါသည်။

 

 

                                                                                      ကုန်သွယ်မှုပညာပေးရေးဌာနခွဲ