သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီသို့ သွားရောက်လေ့လာခဲ့မှုအခြေအနေ

Wed, 11/23/2022 - 09:27 -- ictadmin
သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီသို့ သွားရောက်လေ့လာခဲ့မှုအခြေအနေ
သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီသို့ သွားရောက်လေ့လာခဲ့မှုအခြေအနေ

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှု သင်တန်းကျောင်း (ရန်ကုန်) တွင် ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလ (၂၂) ရက်နေ့ မှစ၍ ဖွင့်လှစ် သင်ကြားလျက်ရှိသော အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ်စဉ်-၆ မှ သင်တန်းသား/သူ (၆၀) ဦး၊ ကုန်သွယ်မှုသင်တန်းကျောင်းမှ အုပ်ချုပ်သူ (၃) ဦး၊ စုစုပေါင်း (၆၈) ဦးတို့သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ) တို့သို့ လေ့လာရေးခရီးသွား ရောက်ခဲ့ကြပါသည်။

၂။      သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီသို့ နံနက် (၀၉:၀၀) နာရီအချိန်တွင် စတင် ရောက်ရှိခဲ့ရာ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးရန်နိုင်ထွန်းမှ အထူးစီးပွားရေး ဇုန်အကြောင်း အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပြီး OSS မှ တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများ၏ သိလိုသည်များကို ရှင်းလင်းဖြေကြားခဲ့ပါသည်။

၃။      ထို့နောက် အထူးစီးပွားရေးဇုန်အတွင်းရှိ DAIZEN Myanmar ကုန်ပစ္စည်း သိုလှောင်ဂိုထောင် နှင့် Bonded Warehouse တို့အားလည်းကောင်း၊ CPP Fertilizer Co., Ltd. သိုလှောင်ရုံအား လည်းကောင်းလှည့်လည် ကြည့်ရှုလေ့လာ ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ၏ သိလိုသည်များကို တာဝန်ခံများမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။

၄။      ဆက်လက်၍ မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ) MITT သို့ သွားရောက်လေ့လာ ခဲ့ပြီး ညနေ (၁၆:၃၀) အချိန်တွင် ရုံးချုပ်သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။