ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၁)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

Wed, 04/07/2021 - 09:25 -- tradetraining

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကုန်သွယ်ရေးဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် COVID-19 ရောဂါဖြစ်ပွားမှုကာကွယ်ရန် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရက်သတ္တပတ်(၉)ပတ်ကြာ ဖွင့်လှစ်ခဲ့သော ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားအား ၁၈-၃-၂၀၂၁ (ကြာသပတေး‌နေ့)၊ မွန်းလွဲ (၁၅:၀၀) နာရီအချိန်တွင် စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြေညီထပ်ရှိ ညီလာခံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းမှ သင်တန်း ဆင်းပွဲအမှာစကားပြောကြားခဲ့ပြီး သင်တန်း၌ဆုရရှိခဲ့ကြသော သင်တန်းသားများအား ဆုချီးမြှင့် ပေးအပ်ခဲ့ပါသည်။ထို့နောက် ဒုတိယညွန်ကြားရေးမှူးချုပ်၊ ဦးကိုကိုလေးမှ သင်တန်းဆင်းအောင် လက်မှတ်များအား သင်တန်းသား ကိုယ်စားလှယ်တစ်ဉီးထံသို့ ပေးအပ်ခဲ့ပါသည်။ သင်တန်းတွင် ပထမဆုအား‌‌ ဒေါ်ခိုင်ဖူးဝေ၊ ဒုတိယဦးစီးမှူး၊ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲမှ လည်းကောင်း၊ ဒုတိယဆုအား ဒေါ်ဟန်နီထွန်း၊ နေ့စား၊ ကုန်သွယ်မှုမူဝါဒဌာနခွဲမှလည်းကောင်း၊ တတိယဆုအား ဒေါ်သူဇာမိုး၊ နေ့စား၊ နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံ‌ရေးဌာနခွဲမှလည်းကောင်း အသီးသီးရရှိခဲ့ပါသည်။

သင်တန်းဆင်းပွဲသို့ ကုန်သွယ်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ်၊ ဒုတိယညွန်ကြားရေး မှူးချုပ်၊ ဌာနခွဲများမှ ညွန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

 

ကုန်သွယ်မှုပညာပေးရေးဌာနခွဲ