ကြက်သွန်နီပြည်ပတင်ပို့ခွင့်ပြု

Fri, 09/23/2011 - 10:37 -- Anonymous (not verified)

    ပြည်တွင်းစားသုံးသူပြည်သူလူထုအနေဖြင့် စားဖိုဆောင်သီးနှံဖြစ်သည့် ကြက်သွန်နီအား ပြည်တွင်းဈေးနှုန်း ကြီးမြင့်စွာဝယ်ယူ စားသုံးခဲ့ရသဖြင့် ပြည်ပတင်ပို့ခွင့်ပိတ်ပင်ခဲ့ရာမှ ယခုနှစ်တွင်ပြည်တွင်းစားသုံးမှုပိုလျှံသမျှကြက်သွန်နီများ အား ပြည်တွင်းဈေးနှုန်း တည်ငြိမ်စေရေးအတွက် စားဖိုးဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှစနစ် တကျစိစစ်ထိန်းသိမ်းစေပြီး ကြက်သွန်နီစိုက်တောင်သူများ အကျိုးစီးပွားဖြစ်ထွန်းစေရေးရည်ရွယ်ချက်ဖြင့် ကြက်သွန်နီများ ကိုပြည်ပသို့ပြန်လည်တင်ပို့ခွင့်အား (၁၉-၉-၂၀၁၁)ရက်နေ့မှစတင်၍ ခွင့်ပြုဆောင်ရွက်စေခဲ့ရာ ပထမဆုံးပင်လယ်ရေ ကြောင်းမှကြက်သွန်နီပြည်ပသို့ တင်ပို့ခွင့်ရရှိရေး အတွက် Super Soe Co.,Ltd.မှ မလေးရှားနိုင်ငံသို့တန်ချိန်(၆၀)အား တစ်တန်လျှင် အမေရိကန်ဒေါ်လာ(၄၅၀)ဈေးနှုန်းဖြင့် လိုင်စင်လာရောက်လျှောက်ထားထုတ်ယူခဲ့ပြီးဖြစ်ကြောင်းသိရှိရပါ သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းစားသုံးမှုပိုလျှံသမျှ ပြည်ပတင်ပို့ရန်အတွက် ပို့ကုန်မူဝါဒချမှတ်ဆောင်ရွက် လျှက်ရှိသော်လည်း ပြည်တွင်းစားသုံးသူပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာသည်အထိ ပြည်တွင်းဈေးနှုန်းကြီးမြင့်လာပြီး ပြည်သူများ၏အကျိုးစီးပွားကိုကာကွယ်ရန်လိုအပ်လာပါက တင်ပို့မှုအား ကန့်သတ် ပိတ်ပင်ခြင်း၊ ကိုတာစနစ်ဖြင့် တင်ပို့ခွင့်ပြုခြင်းများအား နိုင်ငံတကာမှကျင့်သုံးလျှက်ရှိသည့်နည်းလမ်းများအတိုင်း ဆောင်ရွက်ရမည်ဖြစ်သဖြင့် ကြက်သွန် နီစိုက်ပျိုးထုတ်လုပ်သူတောင်သူများလည်းအကျိုးရှိ၊ ကုန်သည်လုပ်ငန်းရှင်များလည်း အကျိုးရှိ၍ စားသုံးသူပြည်သူလူထုအ နေဖြင့်လည်း သင့်တင့်မျှတသောပြည်တွင်းဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ အတ္တနှင့် ပရမျှတစွာဖြင့် စားဖိုးဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအနေဖြင့် အမှန်တကယ်စိစစ်ဆောင်ရွက်နိုင်မှသာ ကြက်သွန်နီတင်ပို့မှု တန်ဖိုးများမြင့်တက်လာမည်ဖြစ်ပါသည်။ မြန်မာ့ကြက်သွန်နီသည် အိမ်နီးချင်း အိန္ဒိယ၊ တရုတ်နိုင်ငံတို့မှထွက် သောကြက်သွန်နီထက် အရည်အသွေးပိုင်းတွင် ရေဓါတ်ပါဝင်မှုနည်းပြီးရေရှည်အထားခံသဖြင့် ဈေးကွက်တွင် ရောင်းပန်းလှသည့် ကုန်ပစ္စည်းဖြစ်သဖြင့် ဈေးကွက်များခိုင်မာစွာဖြင့်ရေရှည်တင်ပို့ရောင်းချနိုင်ရေး အတ္တနှင့်ပရမျှတစွာဖြင့် ကြက်သွန်နီစိုက် ပျိုးထုတ် လုပ်သူတောင်သူများ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာအသင်းအဖွဲ့များအနေဖြင့် တက်ညီလက်ညီပူး ပေါင်းဆောင်ရွက် ကြစေလိုကြောင်း ဆန္ဒပြုလိုက်ပါတယ်ခင်ဗျား ….

            Exp Mg