နှံစားသီးနှံလက်ကျန်နည်းခြင်း ဝယ်လိုအား ပိုမိုမြင့်ခြင်းတို့ကြောင့် ဈေးနှုန်းဆက်လက်မြင့်တက်နေတယ်လို့ FAO ကဆို

Thu, 09/15/2011 - 08:39 -- Anonymous (not verified)

ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းဟာ ဇူလိုင်နဲ့ သြဂုတ်လအတွင်း တည်ငြိမ်ခဲ့ပေမယ့် နှံစားသီးနှံဝယ်လိုအား ပိုမိုခြင်းကတော့ ဈေးနှုန်း မြင့်တက်မှုကို ထိန်းထားတယ်လို့ FAO ရဲ့ စက်တင်ဘာလ ၉ ရက်နေ့နောက်ဆုံးထုတ်ပြန် တဲ့ စာရင်းတွေအရ သိရပါတယ်။ FAO စားနပ်ရိက္ခာဈေးနှုန်း ပျမ်းမျှညွှန်းကိန်းဟာ ဇူလိုင်လအတွင်း ၂၃၂ မှတ် ရှိခဲ့ပြီး၊ လွန်ခဲ့တဲ့လအတွင်း ၂၃၁ မှတ်ရှိတယ်လို့ သိရပါတယ်။ အဲဒီညွှန်းကိန်းဟာ ၂၀၁၀ သြဂုတ်လထက် ၂၆ ရာခိုင်နှုန်း မြင့်တက်ပေမယ့် ယခုနှစ် ဖေဖော်ဝါရီလအတွင်း မြင့်တက်ခဲ့တဲ့ ၂၃၈ မှတ် အောက် ရမှတ်လျော့တယ်လို့ ဆိုပါတယ်။