Country of Origin (CO) Form D လျှောက်ထားမည့် လုပ်ငန်းရှင်များ သို့အသိပေးကြေငြာချက်

Tue, 06/30/2020 - 07:42 -- dotadmin

(၁)     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန အနေဖြင့် အကောက်ခွန် သက်သာခွင့်အတွက် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ထုတ်ပေးမှုအား E-CO စနစ်ဖြင့် ၂၀၁၉ မေလမှ စတင်ပြီး အွန်လိုင်းမှ လျှောက်ထား ထုတ်ပေးမှုများ အား လက်ခံဆောင်ရွက်ပေးလျှက်ရှိပါသည်။

 

(၂)     ထို့သို့ ထုတ်ပေးဆောင်ရွက်လျှက်ရှိရာ အာဆီယံနိုင်ငံများ အချင်းချင်း ထုတ်ပေးလက်ခံ ဆောင်ရွက်သည့် Form D ပုံစံအား အီလက်ထရောနစ်ဒေတာဖြင့် NSW-RP မှတဆင့် အာဆီယံနိုင်ငံများသို့ ပေးပို့ခြင်းကို စမ်းသပ်ကာလအဖြစ် သတ်မှတ်ဆောင်ရွက် လျှက် ရှိပါသည်။

 

(၃)     ထိုသို့ နိုင်ငံအချင်းချင်း ပေးပို့ဆောင်ရွက်ရာတွင် စနစ်လုပ်ငန်းအရ Number နှင့် Alphabet များကိုသာ လက်ခံဆောင်ရွက်နိုင်ပြီး Special Characters များဖြစ်သည့် Single Quote, Double quote, Dash,………စသည့်တို့အား စနစ်အချင်းချင်းအနေဖြင့် ပေးပို့ ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် E-CO စနစ်တွင်လည်း (Form D တစ်မျိုးတည်း အတွက်သာ) အဆိုပါ Special Characters များကို Type ပြုလုပ်ခြင်း ၊ Copy & Paste ပြုလုပ်ခြင်းများ မရနိုင်စေရန် ဆောင်ရွက်ထားရှိပါသည်။

 

(၄)     ၄င်းအပြင် Attachတွဲရန် လိုအပ်သည့် Document များကို အမျိုးအစား အလိုက် သတ်မှတ် ခေါင်းစဉ်များအောက်တွင်သာ မဖြစ်မနေတင်ပြကြရန်နှင့် အခြားခေါင်းစဉ်များအောက် တွင်စုပေါင်းတင်ပြခြင်းမျိုး၊ နေရာလွှဲမှားတင်ပြခြင်းမျိုးမပြုလုပ်ကြပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။

   

                                                                                                                                                                                                                                                                                            ကုန်သွယ်ရေးဦးစီးဌာန

နောက်ဆုံးရသတင်းများ

Pages