“ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်အကြောင်း သိကောင်းစရာများ’’

Thu, 04/04/2019 - 06:44 -- adminDep

၂၀၁၉ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့၊ နံနက် (၉း၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ နှစ်ပတ်လျှင်တစ်ကြိမ် ကြာသပတေးနေ့တိုင်း ကျင်းပပြုလုပ်သည့် Thursday Talk ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ မူပိုင်ခွင့်ဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါက်တာစိမ့်သန္တာထွန်းက“ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်အကြောင်း သိကောင်းစရာ များ’’ ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ရာ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့နှင့် တာဝန်ရှိသူများက မေးမြန်းဆွေးနွေးခဲ့ကြပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက နိဂုံးချုပ်စကားပြောကြားခဲ့ ကြောင်းသတင်းရရှိသည်

နောက်ဆုံးရသတင်းများ

Pages