အာဆီယံစျေးကွက်သို့ချိတ်ဆက်ထိုးဖောက်နိုင်မည့် မြန်မာ eCommerce လုပ်ငန်းများ

Tue, 07/14/2020 - 06:48 -- dotadmin

အာဆီယံနိုင်ငံများအချင်းချင်း e-Commerce ဖွံ့ဖြိုးတိုးတက်မှု ပိုမို တိုးတက်စေရန် အတွက် အာဆီယံ အွန်လိုင်းစျေးရောင်းပွဲတော် ASEAN ONLINE SALE DAY (AOSD) အား (၈-၈-၂၀၂၀) ရက်နေ့တွင် စတင်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပါသည်။

 

(AOSD) ကျင်းပရခြင်းမှာ ဒေသတွင်းရှိနယ်စပ်ဖြတ်ကျော် e-Commerce ကို အားပေးကူညီ ရန်၊ e-Commerce လုပ်ငန်းများတွင်စားသုံးသူယုံကြည်မှု ပိုမို တိုးတက်လာစေရန် ၊ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အဓိက မောင်းနှင်အားတစ်ခုဖြစ်သော e-Commerce ၏ အခန်းကဏ္ဍကို ပိုမိုအားဖြည့် ပေးရန် နှင့်အာဆီယံနိုင်ငံများ၏ e-Commerce စီးပွားရေးလုပ်ငန်းများ MSMEs နှင့်စားသုံးသူများ အတွက် အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

 

(AOSD) အားအဆင့် (၂) ဆင့်ဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည် ဖြစ်ပြီး အဆင့် (၁)တွင် AMS နိုင်ငံများ၏ ပြည်တွင်းစျေးကွက်တွင် အီလက် ထရွန်းနစ်ကူးသန်းရောင်းဝယ်ရေး အသိ အမြင်မြင့်တင်ရန် ၊ ASEAN Member State နိုင်ငံများ၏ e-Commerce businesses ၊ marketplaces နှင့် platforms များကိုမြှင့်တင်လမ်းဖွင့်ပေးရန်ဖြစ်ပြီး စားသုံးသူများထံ အရောင်းမြှင့်တင်သွားရန်ဖြစ်ပါ သည်။ အဆင့်(၂)တွင်AMS နိုင်ငံအသီးသီးရှိ အီလက်ထရွန်းနစ်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ၊ စျေးကွက်များနှင့် ပလက်ဖောင်းများသည် နိုင်ငံများစွာရှိစားသုံးသူများထံ အရောင်းမြှင့်တင် သွားရန် ၊ cross border e-Commerce trasaction တိုးတက်ရန် ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

AOSD တွင် သက်ဆိုင်ရာအာဆီယံနိုင်ငံအလိုက် e-Commerce businesses ၊ marketplaces နှင့် platformsများ ပါဝင်နိုင်ပြီး ကုန်ပစ္စည်းများ နှင့် ဝန်ဆောင်မှုများကို အွန်လိုင်းမှရောင်းချ၍ တားမြစ် ကန့်သတ်ထားခြင်း မရှိသော တရားဝင်စီးပွားရေးလုပ်ငန်းဆောင်ရွက်သူများ ပါဝင်ဆောင်ရွက် နိုင်ပါသည်။ AOSD Website အား အာဆီယံ Website အောက်တွင် Subdomain တစ်ခုအနေဖြင့် ချိတ်ဆက်ဆောင် ရွက်ရန်ပြင်ဆင်ဆောင်ရွက် လျက်ရှိပြီး သက်ဆိုင်ရာနိုင်ငံများမှ ပါဝင်ဆောင်ရွက်မည့် e-Commerce Link များထည့်သွင်းချိတ်ဆက်ခြင်း ၊ AOSDLogo ထည့်သွင်းခြင်းနှင့် Discount Code ထည့်သွင်းခြင်းတို့ ပါဝင်ပါသည်။

 

AOSD Website အား အာဆီယံ Website အောက်တွင် ချိတ်ဆက် ထားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ရှိ တရားဝင် e-Commerce businesses ၊ marketplaces နှင့် platforms များဖြင့် လုပ်ကိုင်ဆောင်ရွက် နေသော မည်သည့်စီးပွားရေးလုပ်ငန်းများမဆို အာဆီယံအွန်လိုင်းအရောင်းအဝယ်နေ့ (ASEAN ONLINE SALE DAY) တွင်ပူးပေါင်းပါဝင်နိုင်ပါသည်။ ထို့သို့ ပူးပေါင်းပါဝင်ခြင်းဖြင့် e-Commerce လုပ်ငန်းရှင်များ ရောင်းချသည့် ကုန်ပစ္စည်းများ နှင့်ဝန်ဆောင်မှုများသည် ASEAN နိုင်ငံများနှင့် အခြားနိုင်ငံများသို့ လျှင်မြန်စွာစျေးကွက်ထိုးဖောက်နိုင်မည်ဖြစ်ပြီး အာဆီယံနိုင်ငံများမှ နာမည်ကျော် e-Commerce လုပ်ငန်းများလည်း ပါဝင်ချိတ်ဆက်ကြမည်ဖြစ်ပါသည်

 

မြန်မာနိုင်ငံရှိ e-Commerce လုပ်ငန်းများဆောင်ရွက်နေသူများအနေဖြင့် (AOSD) တွင်ပါဝင်နိုင်ရေးအတွက် ပါဝင်ဆောင်ရွက်လိုသည့် eCommerce လုပ်ငန်းများ အနေဖြင့် အောက်ပါပုံစံတွင်ဖြည့်သွင်း၍ ကုန်သွယ်ရေးဦးစီးဌာန [email protected] သို့ (၂၁.၇.၂၀၂၀) ရက်နေ့ နောက်ဆုံးထား ပေးပို့သွားပါရန်နှင့် အသေးစိတ်အချက် အလက်များကို သိရှိလို ပါက ၀၆၇-၄၀၈၄၈၅ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

နောက်ဆုံးရသတင်းများ

Pages