လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များရောက်ရှိ

Mon, 09/25/2023 - 04:23 -- mocadmin

နေပြည်တော်၊ စက်တင်ဘာ ၂၂      

   အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Aung Gabar Motor Service Co., Ltd.မှ တင်သွင်းလာသော BAIC BEIJING EU5 Plusအမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Myanmar ArrThit Man Motor Co., Ltd.မှ တင်သွင်းလာသော AIMA အမျိုးအစား လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များသည် ရန်ကုန်ဆိပ်ကမ်းသို့လည်းကောင်း၊ Premier Automotive Ltd. မှ တင်သွင်းလာသော Geely Geometry C အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ လည်းကောင်းရောက်ရှိလာပါသဖြင့် (၂၂-၉-၂၀၂၃) ရက်နေ့တွင် လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ယာဉ်နှင့် လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်များတင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိ သည်။

နောက်ဆုံးရသတင်းများ

Pages