မြန်မာနိုင်ငံမှ တင်ပို့သည့် ကွမ်းသီးခြမ်းအားသြစတြေးလျနိုင်ငံမှ တားမြစ်

Tue, 02/27/2018 - 05:44 -- dotadmin

    သြစတြေးလျနိုင်ငံ ၊ စိုက်ပျိုးရေးနှင့် ရေအရင်းအမြစ်ဝန်ကြီးဌာန ၊ အစားအသောက်နှင့် သွင်းကုန်ဌာန သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံမှ တင်ပို့သည့် ကွမ်းသီးခြမ်း ကုန်ပစ္စည်း(SupariHalf-BetelNut)အပေါ်တားမြစ်ခဲ့ပါသည်။ ထိုသို့တားမြစ်ရသည့် အကြောင်းရင်း မှာ မြန်မာနိုင်ငံမှတင်သွင်းလာသော ၎င်းစားသောက်ကုန်အမျိုးအစားသည် သြစတြေးလျနိုင်ငံသို့ တင်သွင်းရန်တားမြစ်ထားသည့် အပင်နှင့်အပင်ထွက်ပစ္စည်းအမျိုးအစားတွင်ပါဝင်နေပြီး၊ စားသောက် ကုန်များတင်သွင်းခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီခြင်းမရှိသောကြောင့်ဖြစ်ပါသည်။ ၎င်း ကွမ်းသီးခြမ်းကုန်စည်သည် သြစတြေးလျနိုင်ငံတွင် ၂၀၀၃ခုနှစ်ကပြဌာန်းခဲ့သော အက်ဥပဒေအောက်ရှိ Food Standards Code ပါ အပိုင်း 1.4 : Contaminants and residues ၏ section 1.4.4 ရှိ အပင်နှင့် အပင်ထွက် ပစ္စည်းများကို တားမြစ်ကန့်သတ်ထားသည့် Prohibited and restricted plants and fungi တွင်အကျုံးဝင်ပြီး ၎င်းsection၏အဓိပ္ပာယ်အရ သြစတြေးလျနိုင်ငံအတွင်းသို့ အပင်နှင့် အပင်ထွက်ပစ္စည်းများကိုတင်သွင်းခွင့်အား လုံးဝခွင့်မပြုထားကြောင်း တွေ့ရှိရပါသည်။
    သြစတြေးလျနိုင်ငံ ၊ စိုက်ပျိုးရေးနှင့်ရေအရင်းအမြစ်ဝန်ကြီးဌာန၏ အကြောင်းကြားချက်အရ အနာဂတ်တွင် ဤကွမ်းသီးခြမ်းကုန်စည်နှင့်အလားတူကုန်ပစ္စည်းများကို သြစတြေးလျနိုင်ငံဖက်သို့ တင်ပို့ခဲ့ပါကသြစတြေးလျနိုင်ငံ၏အစားအသောက်လိုအပ်ချက်များနှင့်လျော်ညီကြောင်းတင်ပြနိုင်ခြင်း မရှိခဲ့လျှင်ယခုကဲ့သို့ပင်တားမြစ်မည်ဖြစ်ပြီး၊ ကွမ်းသီးခြမ်းတင်သွင်းမှုကိုတားမြစ်လိုက်သည့်ကိစ္စရပ်အား online ပေါ်တွင် ဇန်နဝါရီလအတွင်း၌ ထုတ်ပြန်ထားပြီးဖြစ်ကြောင်းသိရှိရပါသည်။ မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့သူများ သိရှိသတိပြုနိုင်ရေး ဖော်ပြလိုက်ရပါသည်။

ဒေါက်တာရွှေစင်ကို ၊ နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေးဌာနခွဲ

 

နောက်ဆုံးရသတင်းများ

Pages