ပြည်ပပို့ကုန်တင်ပို့နိုင်မှုအခြေအနေ

Mon, 01/08/2024 - 05:02 -- mocadmin

   ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၃ ရက် မှ ၂၉ ရက်ထိ) ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၇၈ သန်းကျော်ရရှိခဲ့သည်။ ယခုရက်သတ္တပတ် တွင် လယ်ယာထွက်ကုန်များမှ ဆန်၊ ‌ပြောင်း၊ ရာဘာစိမ်းနှင့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ပဲယင်း၊ စွန်တာနီ/စွန်တာပြာပဲ၊ ပဲနီကြား၊ မြေပဲဆံတို့ ပိုမိုတင်ပို့နိုင်ခဲ့သည်။ စားဖိုဆောင်သီးနှံများဖြစ်သည့် ငရုတ်၊ ဂျင်း၊ မန်ကျည်းသီး၊ နနွင်းတက်၊ ကြက်သွန်နီများကိုလည်း တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ယီမင်၊ အိန္ဒိယ၊ ဘင်္ဂလား‌ဒေ့ရှ်၊ ဗီယက်နမ်နိုင်ငံ ဈေးကွက်များသို့ ပမာဏများများတင်ပို့နိုင် လျက်ရှိသည်။

   မြန်မာ့ပဲမျိုးစုံ၏ အဓိကဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံသည် မတ်ပဲ၊ ပဲစဉ်းငုံ လွတ်လပ် စွာတင်သွင်းခွင့်ကို ၂၀၂၅ ခုနှစ်၊ မတ်လအထိ တစ်နှစ်သက်တမ်းတိုးလိုက်ပြီး ယခုနှစ်အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်အရ ဝယ်လိုအားများလျက်ရှိသည်။ ယခုအပတ်အိန္ဒိယဈေးကွက်၌ မတ်ပဲတစ်တန် လျှင် ၈၆၀၀၀ မှ ၈၈၀၀၀ ရူပီး၊ ပဲစဉ်းငုံ တစ်တန်လျှင် ၉၀၅၀၀ မှ ၉၃၀၀၀ ရူပီး အထိပေါက်ဈေးရှိပြီး လက်ရှိပဲရာသီ၌ ပြည်တွင်းဈေးမှာ ပဲစဉ်းငုံမှာ ကျပ် ၃၃ သိန်းကျော်၊ မတ်ပဲ (FAQ) မှာ တစ်တန်လျှင် ကျပ် ၃၀ သိန်းဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

   ပြည်ပပို့ကုန်အလားအလာသည် ဝယ်လက်နိုင်ငံများ၏ ပြည်တွင်းလိုအပ်ချက်၊ ဈေးနှုန်းရရှိမှု ပေါ်မူတည်လျက်ရှိသည်။ မိမိတို့နိုင်ငံအနေဖြင့် အလားအလာရှိသော ပြည်ပဈေးကွက်များသို့ ပိုမိုတိုး တက်တင်ပို့နိုင်ရေးကို စိုက်ပျိုးသူတောင်သူများ၊ ကုန်ထုတ်လုပ်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ အသင်း အဖွဲ့များနှင့် ဌာနဆိုင်ရာများအားလုံး ပေါင်းစပ်ညှိနှိုင်းပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။

   ယခုရက်သတ္တပတ်၌ နိုင်ငံပိုင်ကဏ္ဍမှ မြန်မာ့ကျောက်မျက်ရတနာပြပွဲများတွင် ရောင်းချထား သည့် ကျောက်စိမ်း ၄၁၃၉ ကီလိုကို   တရုတ်နိုင်ငံသို့ လည်းကောင်း၊ ကျောက်စိမ်း ၃၉၁၈ ကီလိုကို သြစတြေးလျနိုင်ငံသို့လည်းကောင်း လေကြောင်းလိုင်းဖြင့် တင်ပို့ခဲ့သည်။ ပုဂ္ဂလိကကုမ္ပဏီ အသီးသီးမှ လည်း အခြား ခဲ၊ သွပ်၊ ကြေးနီ၊ သတ္တုတွင်းထွက်ပစ္စည်းများ တန်ဖိုး အမေရိကန်ဒေါ်လာ ၈ သန်း ကျော်ကို တရုတ်၊ ထိုင်း၊ ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့မှုရှိသည်။

    ပြည်တွင်းကုန်ထုတ်လုပ်မှုမှ ပြည်ပပို့ကုန် တိုးတက်လာစေရေးကို အဖက်ဖက်မှကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများ တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ရေး၊ ရေမြေသဘာဝလျောက် အရည်အသွေးရှိသော သဘာဝတွင်းထွက် ထုတ်ကုန် ကုန်ကြမ်းများအား တီထွင်ဆန်းသစ်သော နည်းလမ်းများဖြင့် အဆင့်မြှင့်တင်ပြီး တင်ပို့နိုင်ရေး၊ ရင်း နှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွား မြင့်မားတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ယခုရက်သတ္တပတ် ပို့ကုန်တင်ပို့နိုင်မှုအခြေအနေအား ဖော်ပြ တိုက်တွန်းအပ်ပါသည်။

နောက်ဆုံးရသတင်းများ

Pages