ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းဖွင့်လှစ်ခြင်း

Thu, 02/25/2021 - 07:44 -- tradetraining

 

ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်း ဖွင့်လှစ်မှုသတင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ကုန်သွယ်ရေးဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ်(၁/၂၀၂၁)ကို (၁၈-၁-၂၀၂၁) ရက်နေ့မှ (၁၈-၃-၂၀၂၁) ရက်နေ့ထိ ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်)ရှိ သင်တန်းခန်းမတွင် ဌာနခွဲအသီးသီးမှ သင်တန်းသား (၂၄)ဦးဖြင့် COVID-19 ကာကွယ်တားဆီးရေးဆိုင်ရာညွှန်ကြားချက် များနှင့်အညီ ရက်သတ္တပတ်(၉)ပတ်ကြာ ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။

          ကုန်သွယ်ရေးဦးစီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေရန်အတွက် ဆောင်ရွက်ရသော ဌာနဖြစ်သည်နှင့်အညီ ဝန်ထမ်းများ အနေဖြင့် လုပ်ထုံးလုပ်နည်းများအား သိရှိပြီး ပေးအပ်သော တာဝန်ကို စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ကျေပွန်စွာထမ်းဆောင်နိုင်ရန်၊ ရုံးချုပ်နှင့် နယ်စခန်းများတွင် တာဝန်ထမ်းဆောင်သည့်အခါ ပို့ကုန်သွင်းကုန်လိုင်စင်ကိစ္စရပ်များ၊ ငွေစာရင်း ဆိုင်ရာကိစ္စရပ်များ၊ စီမံရေးရာကိစ္စရပ်များအား ပိုမိုသိရှိနားလည်ကျွမ်းကျင်စေပြီး ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရည်ရွယ်၍ လေ့ကျင့်သင်ကြားပေးလျက် ရှိပါသည်။

          သင်တန်းမှာ ကုန်သွယ်ရေးဦးစီးဌာနအောက်မှာရှိတဲ့ ဌာနခွဲများမှ သက်ဆိုင်ရာဘာသာရပ် အသီးသီးကိုလည်းကောင်း၊ ဝန်ကြီးဌာနအောက်ရှိ အခြားဌာနများဖြစ်တဲ့ စားသုံးသူရေးရာဦးစီး ဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ သက်ဆိုင်ရာ ဘာသာရပ် အသီးသီးကိုလည်းကောင်း၊ ဆက်စပ်ဝန်ကြီးဌာနများအောက်ရှိ ပြင်ပဌာနများမှ သက်ဆိုင်ရာ ဘာသာရပ်အသီးသီးကိုလည်းကောင်း၊ ဘာသာရပ်ဆိုင်ရာ နည်းပြများမှ သင်ကြားပို့ချလျက်ရှိပါသည်။

 

 

                                                                                      ကုန်သွယ်မှုပညာပေးရေးဌာနခွဲ

                                                                                     

နောက်ဆုံးရသတင်းများ

Pages