ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ အွန်လိုင်းအပြည့်အဝအသုံး ပြု ပို့ကုန်သွင်းကုန်လိုင်စင်စနစ် စတင်အသုံးပြုနိုင်ရန်အတွက် ကုန်သွယ်မှုလုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

Fri, 02/26/2016 - 09:56 -- ictuser

         ၂၀၁၆ ခုနှစ်ဖေဖေါ်ဝါရီလ (၂၆) ရက် ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နေပြည်တော် ရုံးအမှတ်(၃)  တွင် အွန်လိုင်းအပြည့်အဝအသုံး ပြု ပို့ကုန်သွင်းကုန်လိုင်စင်စနစ် စတင်အသုံးပြုနိုင်ရန်အတွက် ကုန်သွယ်မှုလုပ်ငန်းစဉ်များတွင် ဆက်စပ်ဆောင်ရွက်ရသည့် ဝန်ကြီးဌာနများ လက်အောက်ရှိ ဦးစီးဌာန(၂၅) ခုတက်ရောက်ခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးညွှန်အောင်မှ အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။

          အဆိုပါ အွန်လိုင်း အပြည့်အဝအသုံးပြု ပို့ကုန်သွင်းကုန်လိုင်စင်စနစ်သည် ပို့ကုန်သွင်းကုန်လိုင်စင် လျောက်မည့် company များအနေဖြင့် ဝန်ကြီးဌာနသို့ လာရောက်ရန်မလိုဘဲ အင်တာနက်ရရှိသည့် မည့်သည့် နေရာမဆို လိုင်စင်လျောက်ထားခြင်း ထုတ်ယူခြင်း ငွေပေးချေခြင်း(e-Payment) လုပ်ငန်းများအားလုံးကို Myanmar Tradenet Website အသုံးပြု ဆောင်ရွက် နိုင်မှာဖြစ်ပြီး လိုင်စင် အခြေအနေ များကို လျောက်ထားသူမှ အချိန်နှင့် တပြေးညီ သိရှိနိုင်အောင် ပြန်ကြားပေးနေသည့် Notification  စနစ်ကိုပါ ထည့်သွင်း ထားခြင်းဖြစ်ပါသည်။  Phase (1) အနေဖြင့်  ကုန်ပင်္စစည်း  HS Code များကို စမ်းသပ်ရွှေးချယ်ထုတ်ပေးသွားမည်ဖြစ်ပါသည်။ လုပ်ငန်းရှင်များအတွက် လိုအပ်သည့် အသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်ပြီး  ၂၀၁၆-၂၀၁၇ ဘတ်ဂျတ်နှစ်အစတွင်စတင်အသုံးပြုနိုင်ရေး ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 

နောက်ဆုံးရသတင်းများ

Pages