(၂၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ဆက်လက်ပါဝင်ပြသ

Mon, 09/18/2023 - 16:16 -- mocadmin

တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် (၂၀) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့မှစတင်၍ ကျင်းပလျက် ရှိရာ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထုတ်ကုန်ပစ္စည်းများကို ပါဝင်ပြသလျက်ရှိပါသည်။ အဆိုပါကုန်စည်ပြပွဲ တတိယနေ့အဖြစ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင်လည်း မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ဖြင့်ဆက်လက် ပါဝင်ပြသလျက်ရှိပါသည်။

မြန်မာကုန်စည်ပြခန်းများတွင် လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ထောပတ်သီး၊ ရေထွက်ကုန်များ၊ မြန်မာ့လက်မှုအနုပညာပစ္စည်းများ၊ အဝတ်အထည်၊ စားသောက်ကုန်များ၊ မြန်မာ့ကျောက်မျက်လက်ဝတ် ရတနာပစ္စည်းများကို စုံလင်စွာခင်းကျင်းပြသ ရောင်းချလျက် ရှိပါသည်။

အဆိုပါကုန်စည်ပြပွဲ တတိယနေ့တွင်လည်း ယခင်နေ့များနည်းတူ မြန်မာ့ထုတ်ကုန်ပစ္စည်းများကို စိတ်ပါဝင်စား၍ လာရောက် လေ့လာကြည့်ရှုသူများ၊ ​ကြိုက်နှစ်သက်၍ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိပါသည်။ နှစ်လိုဖွယ်ရာမြို့ ပြခန်းဆောင် ၌လည်း မြန်မာ့ရိုးရာယဉ်ကျေးမှုအကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ကပြလျက်ရှိပါကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages