စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ (၁၇) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

Sun, 07/30/2023 - 05:02 -- mocadmin

နေပြည်တော်၊ ဇူလိုင် ၂၉      ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့၊ (၀၉:၃၀)နာရီအချိန်တွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်သည့် (၁၇) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ကိုယ်စား အမြဲတမ်းအတွင်းဝန်မှ နေပြည်တော်၊ ပျဉ်းမနားမြို့ မြို့သစ်ကျောင်း ဆရာတော် ဘဒ္ဒန္တ ခေမာ စာရနှင့် သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဘွယ်ပစ္စည်းများအား ဆက်ကပ် လှူဒါန်းသည်။

          ထို့နောက် တက်ရောက်လာကြသော အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသူများက ဆရာတော် အရှင်သူတော်မြတ်များထံမှ  ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကာ ဝါဆိုသင်္ကန်းများ အသီးသီးဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး သံဃာတော်အရှင်သူတော်မြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages