စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒုတိယ(၆)လပတ် ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Tue, 10/17/2023 - 13:51 -- mocadmin

နေပြည်တော်၊ ​အောက်တိုဘာ ၁၆         ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ဒုတိယ(၆)လပတ် ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များ နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားသည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပြည်ပသို့ ပို့ကုန်တိုးမြှင့်တင်ပို့ရန် တိုက်တွန်းလိုကြောင်း၊ ပြည်ပသို့ ပို့ကုန်တိုးမြှင့်တင်ပို့ရာတွင် ကဏ္ဍအလိုက်ဆောင်ရွက်ရမည့် နိုင်ငံတော်၏ ဦးတည်ချက် (၉)ရပ်တွင်ပါရှိသည့် စီးပွားရေးဦးတည်ချက်များကို အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်တွင်းထွက်ကုန်ပစ္စည်းများအား  ပြည်ပနိုင်ငံ၏ စျေးကွက်လိုအပ် ချက်များနှင့်အညီ တင်ပို့နိုင်ရေး၊ စျေးကွက်ချဲ့ထွင်တိုးမြှင့်တင်ပို့နိုင်ရန်အတွက် စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များ၊ စိုက်ပျိုးထုတ်လုပ်သူများအကြား ညှိနှိုင်းပေါင်းစပ်သွားရမှာဖြစ်ကြောင်း၊ ပို့ကုန်များ လက်ရှိတင်ပို့နေသည့် နိုင်ငံများသာမက အခြားနိုင်ငံများသို့ စျေးကွက်သစ်ရှာဖွေတိုး ချဲ့တင်ပို့နိုင်ရေးတို့အား အကျယ်တဝင့်ပြောကြားသည်။

          ထို့နောက် ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများ ရှင်းလင်း ပြောကြားသည်။

          ယင်းနောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့လုပ်ငန်း ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြပြီး လုပ်ငန်းရှင်များ၏ မေးမြန်းဆွေးနွေးမှုများအပေါ် တာဝန်ရှိသူများက ရှင်းလင်းပြောကြား ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပါသည်။

          အစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages