ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဧပြီလကုန်သွယ်မှု ယခင်နှစ်ကာလတူထက် ပိုမိုဆောင်ရွက်

Mon, 05/08/2023 - 10:53 -- mocadmin

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဧပြီလအတွက် ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် ၁၄ ဒေါ်လာသန်း၊ သွင်းကုန် ၁၁ ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ၂၅ ဒေါ်လာသန်းဖြစ်ပြီး ပို့ကုန် ၁၀.၅၇ ဒေါ်လာသန်း၊ သွင်းကုန် ၃၈.၁၈၅ ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ၄၈.၇၅၅ ဒေါ်လာသန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် ၁၉၅.၀၂၀%  ဆောင်ရွက်နိုင်ခဲ့သည်။

          ယခင်ဘဏ္ဍာနှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် ၅.၉၉၅ ဒေါ်လာသန်းပိုမိုခဲ့ပြီး သွင်းကုန် ပိုင်းတွင် ၃၁.၇၇၃ ဒေါ်လာသန်းပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် ၃၇.၇၆၈ ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

          ယခင်ကာလတူနှင့်နှိုင်းယှဉ်ပါက ဆန်ကွဲ၊ ပြောင်း၊ ပဲလွန်းဖြူ၊ ပဲတီစိမ်း၊ မြေထောက်ပဲ၊ မြေပဲဆံ၊ ထောပတ်ပဲ၊ နိုင်လွန်ပဲ၊ နှမ်းနက်၊ လက်ဖက်ခြောက်၊ နှံစားပြောင်း၊ ဇီးဖြူသီးခြောက်၊ ဂျင်း(စို)၊ ရာဘာကြမ်း၊ ငရုတ်သီး(အစို)၊ ဝဥ (ခြောက်)၊ ဝါ၊ ကြက်သွန်နီ၊ ရှမ်းနှမ်းစေ့၊ ကြက်ဆူဆီ၊ သတ္တုနှင့် သတ္တုရိုင်း၊ မြန်မာဘီယာပုလင်းတို့ တင်ပို့မှုပိုမိုခဲ့သဖြင့် ပို့ကုန်တင်ပို့မှု ပိုမိုရခြင်းဖြစ်သည်။

          ယခင်ကာလတူနှင့်နှိုင်းယှဉ်သုံးသပ်ရာ၌ သွင်းကုန်ပိုင်းတွင် ပိုမိုခဲ့ခြင်းမှာ ရင်းနှီးမြှုပ်နှံမှုအုပ်စု၊ လုပ်ငန်းသုံးအုပ်စုနှင့် လူသုံးအုပ်စုတို့ ပိုမိုခဲ့ခြင်းကြောင့် တင်သွင်းမှုပိုခဲ့ခြင်းဖြစ်သည်။

          ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှစ၍  ကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်လာနိုင်ခဲ့သည်။ ဒုတိယ (၆)လပတ်ကာလ အောက်တိုဘာလမှစ၍ ပို့ကုန်သွင်းကုန်လုပ်ငန်းများ  ပိုမိုဆောင်ရွက်နိုင်ခဲ့သဖြင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်လာခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages