နိုင်ငံတော်အရန်ဆန် ဟင်္သာတမြို့နယ်နှင့်ဇလွန်မြို့နယ်မှာ ဝယ်ယူနေပြီ

Mon, 02/13/2012 - 05:01 -- Anonymous (not verified)

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ကုန်းကြီး ကျေးရွာ အုပ်စု နတ်မော်လမ်း ဆန်စက်အမှတ် ၁၆၅ ယုန်မင်း ဆန်စက်ကွင်းမှာလည်းကောင်း၊ ဇလွန်မြို့နယ် ဗိုလ်ချုပ်လမ်း ညောင်ပင်ဈေးရပ်ကွက် ဦးစိုးလွင်ရဲ့ ခြံဝင်းအတွင်းမှာ လည်းကောင်း၊ နိုင်ငံတော် အရန်ဆန်အား အဝယ်ဒိုင်ဖွင့်လှစ်ပြီး စိုက်ပျိုး ထုတ်လုပ်သူ တောင်သူများထံမှ စပါးများကိုတင်း၁၀၀ကို ၃ သိန်း ၃ သောင်းကျပ်ဈေးနဲ့ ဝယ် ယူလျက်ရှိပြီး၊ ဖေဖော်ဝါရီ ၇ ရက် ဟင်္သာတမြို့နယ်မှာ ၁၀၆၄ တင်းနဲ့ ဇလွန်မြို့နယ် မှာ ၂၀၀၀ တင်း ဝယ်ယူရရှိခဲ့ကြောင်း သိရပါတယ်။
ကျော်ဝင်း