ထိုင်းနိုင်ငံတွင် ရေလွှမ်းမိုးမှုကြောင့် မော်တော်ကားထုတ်လုပ်မှု ၃ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့

Wed, 11/09/2011 - 04:46 -- Anonymous (not verified)

ထိုင်းနိုင်ငံမှာ ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်ခဲ့တာကြောင့်  ယခုနှစ်ရဲ့နောက်ပိုင်း(၃) လအတွင်းစက်ယန္တရားနဲ့ မော်တော်ကားထုတ်လုပ်မှုတွေ ကျဆင်းသွားနိုင်တယ်လို့ ထိုင်းနိုင်ငံစက်မှုလုပ်ငန်းဆိုင်ရာ လွှတ်တော်အဖွဲ့ရဲ့ စက်မှုယန္တရားအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ဆူရဖုံးဖိုက်ဆစ်ဖတ်ထနဖုံးက ပြောကြားခဲ့ပါတယ်။ စက်မှုလုပ်ငန်း များအဖွဲ့မှ မော်တော်ကားထုတ်လုပ်မှု ၃ ဒသမ ၉ ရာခိုင်နှုန်းခန့် လျော့နည်း သွားတယ်လို့ ခန့်မှန်း ခဲ့ကြပေမယ့် မော်တော်ဆိုင်ကယ်ထုတ်လုပ်တဲ့ လုပ်ငန်းတွေ မှာတော့ ထိခိုက်မှုမရှိဘဲ ပထမ (၉) လမှာ ဆိုင်ကယ်အပိုပစ္စည်းများထုတ်လုပ်မှုကနေ ဘတ်သန်းပေါင်း (၄ ဒသမ ၇၁) သိန်းခန့် ဝင်ငွေရရှိခဲ့ ပါတယ်။ အောက်တို ဘာလမှ ဒီဇင်ဘာလအတွင်း ကားစီးရေ (၄၅၆၁၄၁) ခန့်သာ ထုတ်လုပ်နိုင်မှာဖြစ်ကြောင်းနဲ့ ဇူလိုင်လမှ စက်တင်ဘာလအထိ ထုတ်လုပ်မှုမှာတော့ ၃ ဒသမ ၉ ရာခိုင်နှုန်းခန့် လျော့နည်းခဲ့တယ်လို့လွန်ခဲ့တဲ့နှစ်နောက်ဆုံး (၃) လ ထုတ်လုပ်မှုနဲ့ နှိုင်းယှဉ်ရင် ၁ ဒသမ ၈ ရာခိုင်နှုန်းသာ ပိုမိုထုတ် လုပ်နိုင်ခဲ့ပါ တယ်။မော်တော် ဆိုင်ကယ်ထုတ်လုပ်မှုမှာတော့ အောက်တိုဘာလအထိ (၆၂၇၆၈၁) စီး ထုတ်လုပ်နိုင်ခဲ့လို့ ဇူလိုင်လမှ စက်တင်ဘာလအထိ ထုတ်လုပ်တဲ့စီးရေ (၆၂၄၄၆၉) ထက် ပိုမိုခဲ့ကာ ၀ ဒသမ ၅၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ထိုင်းနိုင်ငံဟာ လွန်ခဲ့တဲ့စက်တင်ဘာလမှာ ကားစီးရေ (၁၇၄၂၁၂) ထုတ်လုပ်နိုင်ခဲ့တာကြောင့်နှစ် ၅၀ ကာ လအတွင်း ထုတ်လုပ်မှုအမြင်ဆုံးစံချိန်တင်ခဲ့ကြောင်းနဲ့ နိုင်ငံအတွင်း အသုံးပြုဖို့နဲ့ ပြည်ပတင်ပို့ဖို့ ဇန်နဝါရီလ မှ စက်တင်ဘာလအထိ (၉) လအတွင်းမှာ မော်တော် ကား (၁၂၈၅၂၃၃) စီးနဲ့ မော်တော်ဆိုင်ကယ်စီးရေ (၂၄၉၉၁၀၂) ထုတ်လုပ်ခဲ့ပြီးဖြစ်တယ်လို့ နိုင်ဆူရဖုံးဖိုက်ဆစ်ဖတ်ထနဖုံးက ပြောကြားခဲ့တယ်လို့ သိရပါတယ်။ 
Source: ပလယ်ချာချပ်သတင်းစာ

နကသ (မြဝတီ) MIRT