ဈေးနှုန်းကြီးမြင့်ရင် သကြားအရံသိုလှောင်မှုများ ထုတ်ရောင်းသွားမယ်လို့ တရုတ်အစိုးရကဆို

Wed, 11/09/2011 - 04:36 -- Anonymous (not verified)

စတုတ္ထ ၃ လအတွင်း သကြားဈေးကြီးမြင့်ခဲ့ရင် တရုတ်အစိုးရ အရံသိုလှောင် သကြားများ ထုတ်ရောင်း ပေးမယ်လို့ အစိုးရအရာရှိတစ်ဦးက နိုဝင်ဘာလ ၁ ရက် နေ့မှာ ပြောကြားပါတယ်။ အစိုးရအနေနဲ့ သကြားဈေးနှုန်း ကျဆင်းမှာမလိုလားပေမယ့် ဈေးအမြောက်အများ တက်မှာကိုလည်း မလိုလားဘူးလို့ စီးပွားရေး နဲ့ ကုန်သွယ်မှု ဌာန ညွှန်ကြားရေးမှူးချုပ် Liu  Xiaona က ပြောကြားပါတယ်။ယခင်နှစ် အောက်တိုဘာလမှာစတင်တဲ့ ၂၀၁၀-၁၁ သကြားကြိတ်ခွဲရာသီအတွင်း ပြည်တွင်းဈေးနှုန်းဟာ တတိယ ၃ လပတ်အတွင်း သမိုင်းတင်နီးပါးမြင့်တက်လာခြင်းကို ထိန်းချုပ်ဖို့ တန်ချိန် ၁ ဒသမ ၈၈ သန်းရောင်းချ ပေးခဲ့ပါတယ်။ Zhengz hou  ကုန်စည်ဒိုင်မှာ ၂၀၁၂ မေလ သကြားကြိုပွိုင့်အခြေခံဈေးဟာ တစ်တန်ကို ၅ ယွမ် လျော့ကျပြီး ယွမ် ၆၇၀၈ (ကန်ဒေါ်လာ ၁၀၅၆)နဲ့ အရောင်း အ ဝယ်ဖြစ် ခဲ့ပါတယ်။၂၀၁၁-၁၂ ကြိတ်ခွဲရာသီ သကြားရောင်းချမှုဟာ ကမ္ဘာ့သကြားထွက်ရှိမှုအပေါ် မူတည်ရောင်းဝယ်သွားဖွယ် ရှိတယ်လို့ Liu   ကဆိုပါတယ်။ တရုတ် နိုင်ငံဟာ ပြည်တွင်းသကြား ပြတ်လတ်မှုကို ဖြည့်ဆည်းဖို့နဲ့ အစိုးရအရံ သိုလှောင်မှုကို ပြည့်မီစေဖို့ မကြာသေးခင်နှစ်များအတွင်း သကြားတင်သွင်းမှု မြင့်တက်ခဲ့ ပါတယ်။ ယခုနှစ် ပထမ ၉ လအတွင်း တန်ချိန် ၁ ဒသမ ၆၇ သန်း တင်သွင်းခဲ့ပြီးဖြစ်လို့ ယခင်တစ်နှစ်ထက် ၂၂ ရာခိုင်နှုန်း ပိုမိုတင်သွင်းခဲ့ တယ်လို့ သိရပါတယ်။
ယမင်းခင်
Source: Reuters