စီးပွားရေးစနစ်ဖွံ့ဖြိုးရန် လွတ်လပ်သောဈေးကွက်စနစ်ကိုအခြေခံ

Tue, 01/10/2023 - 04:18 -- admin_ygn

ဗဟိုကချုပ်ကိုင်သော စီးပွားရေးစနစ်ကျင့်သုံးခဲ့ပြီး နိုင်ငံ့စီးပွားရေးချွတ်ခြုံကျခဲ့သည့်ကာလများအလွန်၁၉၉၀ပြည့်နှစ်နောက်ပိုင်း မြန်မာ့စီးပွားရေးအဆောက်အအုံအတွင်း ဈေးကွက်(Market) ဟူသောစကားလုံး ရောက်ရှိလာခဲ့သည်။ Market-oriente d system၊ market Economy၊ Market Economic Systemစသဖြင့်ဈေးကွက်စနစ်အခေါ်အဝေါ်များကို နေရာတကာတွင် ကြားသိမြင်တွေ့ခဲ့ကြရပါသည်။ယခုတော့ ဈေးကွက်ဝေါဟာရသည် လူတိုင်းနှင့်ရင်းနှီးနေခဲ့ပြီဖြစ်သည်။ ဈေးကွက်စီးပွားရေး စနစ်ထဲလူတိုင်းကျင်လည်လျက်စနစ်၏အကောင်းအဆိုးများကိုမျက်ဝါးထင်ထင်တွေ့မြင်ရင်ဆိုင်နေကြရပြီလည်းဖြစ်သည်။ဈေးကွက်စနစ်တွင်ဝယ်လိုအားနှင့်ရောင်းလိုအားအင်အားနှစ်ရပ်သည်လွန်စွာအရေးကြီး၏။ထိုအင်အားစုနှစ်ရပ်၏အခြေအနေ ပေါ်မူတည်၍ဈေးကွက်သည်လှုပ်ရှားပြောင်းလဲရသည်။မည်သည့်အဖွဲ့အစည်း၊လူပုဂ္ဂိုလ်၏ထိန်းချုပ်မှုမှမရှိဘဲဈေးကွက်အင်အားစုများလွတ်လပ်စွာလှုပ်ရှားခွင့်ရသောကြောင့်လွတ်လပ်သောဈေးကွက်စီးပွားရေးစနစ်(Free Market Econo mic System)ဟုလည်းဆိုရမည်ဖြစ်သည်။လွတ်လပ်သောလှုပ်ရှားမှုကိုပိုမိုသဘောကျနှစ် သက်လာကြသည့် ယနေ့ကမ္ဘာ့နိုင်ငံအများစုသည် ဈေးကွက်အခြေခံသောစီးပွားရေးစနစ်ကို၎င်းတို့နိုင်ငံ၊၎င်းတို့လူအဖွဲ့အစည်းအခြေအနေများနှင့် လိုက်လျောညီ ထွေ စွာပုံစံ အမျိုးမျိုးဖြင့်ကျင့်သုံးနေကြသည်။ဈေးကွက်စီးပွားရေး စနစ်ကျင့်သုံးမှုဖြင့် စီးပွားရေးဖွံ့ဖြိုးမှုအခြေအနေမြင့်၊ဂုဏ်တင့်လာသောနိုင်ငံများအများအပြားပေါ်ထွက်လာခဲ့သော ကြောင့်နိုင်ငံအတော်များများသည်လည်းအဆိုပါနိုင်ငံများကို အတု ယူလျက်ဈေးကွက်စနစ်လမ်းကြောင်းကိုလျှောက်လှမ်းလာခဲ့ကြခြင်းဖြစ်သည်လက်တွေ့အခြေအနေများအရဈေးကွက်စီးပွားရေးစနစ်သည်နိုင်ငံတစ်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အထောက်အပံ့ဖြစ်စေသည်မှာငြင်းခုံစရာမလိုသည့်အကြောင်း ကိစ္စဖြစ်သည်။ဈေးကွက်စီးပွားရေးစနစ်ပီပြင်မှု၊ထိရောက်မှု၊စွမ်းဆောင်ရည်ရှိမှုအခြေအနေများဖြစ်၊မဖြစ်အခြေခံစုံပေတံသုံးချောင်းဖြင့်တိုင်းတာတတ်ကြသည်။ထိုစံပေတံများမှာစီးပွားရေးစနစ်အတွင်းရှိနယ်ပယ်ကဏ္ဍစုံ၌စွမ်းဆောင်ရည် မြင့်မား လာ မှု၊ဆွဲဆောင်မှုမက်လုံးများဖန်တီးလာနိုင်မှုနှင့်လွတ်လပ်စွာလှုပ်ရှား လုပ်ကိုင်ဆောင်ရွက်နိုင်မှုတို့ဖြစ်သည်။လုပ်ငန်းများစွမ်းဆောင် ရည်မြင့်မားလာမှုဆိုသည်မှာ စီးပွားရေးအဆောက်အအုံ အတွင်းရှိလုပ်ငန်းများအကြား အပြိုင်အဆိုင် လုပ်ကို နိုင်သည့် အခွင့်အရေးများရှိလာသောကြောင့် စီမံခန့်ခွဲမှု၊ထုတ်လုပ်မှု၊ဈေးကွက်ရှာဖွေမှု စသဖြင့်စီးပွားရေးလုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုနှင့်စွမ်းဆောင်ရည်ပိုမိုမြင့်လာခြင်း၊ရလဒ်အပိုင်းတွင်အရည်အသွေးမြင့်မား၍ဈေးနှုန်းသက်သာသော ကုန်ပစ္စည်းနှင့် ဝန် ဆောင်မှုများကိုထုတ်လုပ်လာနိုင်ခြင်းစသည့်အခြေအနေတို့ကိုဆိုလိုသည်။ထိုအခြေအနေများသည်တီထွင်ကြံဆမှုများကိုလည်း ဖြစ်ထွန်းစေနိုင်သဖြင့်နည်းပညာတိုးတက်မှုကိုပါတွန်းအားပေးသကဲ့သို့ရှိသည်။ဆွဲဆောင်မှုမက်လုံးများ ဖန်တီးနိုင်မှု ဆို သည်မှာထုတ်လုပ်ရောင်းချသူနှင့်ဝယ်ယူစားသုံးသူအင်အားစုနှစ်ဖက်စလုံးအတွက်ဆွဲဆောင်မှုများပြားလာစေခြင်းဖြစ်သည်။ဈေးကွက်အတွင်းရှိများပြားလှသောဝယ်ယူစားသုံးသူများ၏လိုအ်င်န္ဒများစွာကထုတ်လုပ်ရောင်းချသူများကိုကုန်ပစ္စည်း အသ စ်အဆန်းများ ထုတ်လုပ်လာစေရနဆွဲဆောင်နေသကဲ့သို့ဈေးကွက်အတွင်း တီထွင်ကြံဆထုတ်လုပ်ထားသောများပြားလှသည့်ကုန်ပစ္စည်း အသစ်အဆန်း များကလည်း ဝယ်ယူစားသုံးသူများကို ဆွဲဆောင် နိုင်သည့်အခြေအနေဖြစ် လာသည်။ထို့ကြောင့် စွမ်းဆောင်ရည်ရှိသောဈေးကွက်စီးပွားရေးစနစ်သည်ထုတ်လုပ်သူများအတွက်လည်းကောင်း၊စားသုံးသူများအတွက်လည်းကောင်း ဆွဲဆောင်မှုမက်လုံးများဖန်တီးနိုင်သည့်အခြေခံအကြောင်းရင်းများတည်ရှိရာ ဖြစ်နေသည်။လွတ်လပ်စွာလှုပ်ရှား၊ လုပ် ကိုင်၊ဆောင်ရွက်နိုင်မှုသည်လည်းဈေးကွက်စနစ်ကိုကျင့်သုံးမှုတွင် အရေးပါသောအချက်တစ်ချက်ဖြစ်သည်။အမှန်တကယ်လွတ်လပ်စွာလှုပ်ရှားလုပ်ကိုင်ဆောင်ရွက်နိုင်မှသာဈေးကွက်အင်အားစုနှစ်ဖက်စလုံး သည်စွမ်းရည်ပြည့် လှုပ်ရှားနိုင်စွမ်းရှိ လာ မည်ဖြစ်ပြီးဈေးကွက်ယန္တရားသည်လည်းစွမ်းဆောင်ရည်ရှိစွာလည်ပတ်နိုင်မည်ဖြစ်သည်။ထို့ကြောင့်ဈေးကွက်စနစ်ကိုကျင့်သုံးသောစီးပွားရေးအဆောက်အအုံအတွင်းရှိစီးပွားရေးလုပ်ငန်းကြီး၊လတ်၊ငယ်အားလုံးတရားမျှတမှုရှိသောဝန်းကျင်တွင် လွတ် လပ်စွာထုတ်လုပ်ရောင်းဝယ်ဖောက်ကားနိုင်စွမ်းရှိရေးအတွက်ပံ့ပိုးကူညီဆောင်ရွက်ပေးရန်လိုအပ်သည်။ထိုအခြေအနေဖြစ်ပေါ်စေရန်တရားဥပဒေစိုးမိုးမှုရှိခြင်းသည်သော့ချက်ကျသောအကြောင်းတရားဖြစ်သည်ကိုလည်း သဘောပေါက်ရန် လို သည်။ဈေးကွက်အတွင်းပါဝင်လှုပ်ရှားနေသူများကိုမည်သူတစ်ဦးတစ်ယောက်ကမျှမည်သည့် အဖွဲ့အစည်းကမျှလမ်းညွှန်ထိန်းကျောင်းပေးစရာမလိုပေ။ဈေးကွက်အင်အားစုများလွတ်လပ်စွာ လှုပ်ရှားခွင့်ရှိလေလေ၊ဈေးကွက်စနစ်သည်ပီပြင်လေလေ ဖြစ်ပါသည်။ဈေးကွက်အနေအထားမူမမှန်ချိန်မှလွဲ၍(အကြောင်းအမျိုးမျိုးကြောင့်ဈေးကွက်မတည်ငြိမ်မှု ဖြစ်နေချိန်လွဲ၍ဈေးကွက်ယန္တရားလည်ပတ်မှုကို ဝင်ရောက်စွက်ဖက်ခြင်းမပြုသင့်ပေ။ဈေးကွက် ယန္တရားလည်ပတ်မှု လွယ်ကူချောမွေ့စေ ရေး အတွက်သာဖြည့်ဆည်းပံ့ပိုးပေးရန် တာဝန်ရှိပေမည်။ဈေးကွက် စနစ်ထဲရှိ စီးပွားရေးလုပ်ဆောင်ချက် မှန်သမျှသည်ဈေးကွက်အင်အားစုနှစ်ရပ်ပြဋ္ဌာန်း ပေးသောအချက်ပြဈေးနှုန်းပေါ်မူတည်၍ လှုပ်ရှားပြောင်းလဲနေသည် ဖြစ်ရာဈေးကွက်သည် အချိန် တိုင်းတွင်ရောင်းလိုအားနှင့်ယ်လိုအားအင်အားစုနှစ်ခုတို့၏သဘောအတိုင်းသာဖြစ်နေလိမ့်မည်။ဈေးကွက်အလေ့အထများကိုထိထိရောက်ရောက်၊ပီပီပြင်ပြင်ကျင့်သုံးနိုင်ရေးအတွက်အသိပညာပေးခြင်း၊လိုအပ်သောအင်စတီကျူးရှင်းများထူထောင် ပေး ခြင်း၊အခြားသောလိုအပ်ချက်တို့ကိုဖြည့်ဆည်းပေးခြင်းတို့ကိုလုပ်ဆောင်ပေးကြရသည်။အကယ်၍အကြောင်းအမျိုးမျိုးကြောင့်ဈေးကွက်ယန္တရားလည်ပတ်မှုကိုထိခိုက်စေသောအခြေအနေများဖြစ်ပေါ်လာပါက ဈေးကွက်ပြန်လည်လည်ပတ်မှုချောမွေ့ စေရေးပြန်လည်ထိန်းကျောင်းပေးကြရသည်။စီးပွားရေးအင်အားနည်းသောဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့်ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးရာ၌စီးပွားရေးအဆောက်အအုံအတွင်းရှိကဏ္ဍအလိုက်အခြေအနေများနှင့်အလိုက်သင့်ဖြစ်စေရေးသတိထား ကျင့် သုံးသင့်သည်ဟုဆိုကြသည်။ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးနေသည့်တိုင်အများပြည်သူနှင့်သက်ဆိုင်သည့်ပြည်သူ့ရေးရာဝန်ဆောင်မှုနယ်ပယ်များ၌နိုင်ငံတော်မပါဝင် ဆောင်ရွက်သည့်ကဏ္ဍများလည်းရှိသည်။အခြေခံပညာရေး၊အခြေခံ ကျန်းမာရေး၊တရားဥပဒေစိုးမိုးရေးကဲ့သို့ အရေးကြီးသည့်ပြည်သူ့ဝန်ဆောင်မှုဖြည့်ဆည်းပေးခြင်းများကိုများသောအားဖြင့်ဈေးကွက်ထဲတွင်ခွင့်ပြုပေးထားခြင်းမရှိပေ။နိုင်ငံသားအားလုံးအတွက်အရေးကြီသောပြည်သူ့ဝန်ဆောင်မှုများကိုကျယ်ကျယ်ပြန့်ပြန့် ဖြည့် ဆည်းပေးရမည့်အခြေအနေတွင်ကိုယ်တိုင်ပါဝင်လုပ်ဆောင်နိုင်ရေးအတွက်ပြင်ဆင်ထားရန်လိုအပ်ပေသည်။ယနေ့ကမ္ဘာပေါ်တွင်လုံးဝလွတ်လပ်သောဈေးကွက်စနစ်မျိုးကိုကျင့်သုံးနေသည့်နိုင်ငံဟူ၍မရှိပေ။ရောစပ်စီးပွားရေးစနစ်(Mixed Economic system) ဟုခေါ်သည့်နိုင်ငံတော်ကပတ်သက်မှုတစ်စိတ်တစ်ပိုင်းပါဝင်သည့်ဈေးကွက်စနစ်မျိုးကျင့်သုံးနေကြသည်ကိုတွေ့ရလိမ့်မည်။ထို့ကြောင့်စီးပွားရေးစနစ်ကျင့်သုံးမှုတွင်အစိုးရနှင်ဈေး ကွက် ယန္တရားတို့သည် အဝေးဆုံးနေရာတစ်နေရာစီ၌တသီး တခြားတည်ရှိနေကြသည်မဟုတ်ဘဲမနီးမဝေး အခြေအနေတစ်ရပ်တွင်အတူတည် ရှိနေသည်ဟုမှတ်ယူရမည်ဖြစ်ကြောင်းရေးသားလိုက်ရပါသည်။  

ငြိမ်းဝေနှင်း (ရန်ကုန်စားသုံး)