Hydrogen Electrical Energy Exhibition 2023 (HEY 2023) သို့ မြန်မာနိုင်ငံမှ လုပ်ငန်းများ ပါဝင်ပြသရန်ဖိတ်ကြား

Tue, 05/30/2023 - 03:54 -- mocadmin

   ကိုရီးယားသမ္မတနိုင်ငံ၊ Ulsan မြို့၊ Ulsan Exhibition Convention Center (UECO)  ၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Hydrogen Electric Energy Exhibition 2023 (HEY 2023)သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်ကိုယ်စားလှယ်များ ပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။

   အဆိုပါပြပွဲသည် အနာဂတ်တွင် Hydrogen ၊ Electric ၊ Energy နှင့် Full Cell Industries  တို့ အကြား အပြန်အလှန်မှီခိုသည့် ဂေဟစနစ်တစ်ခုကို ဖန်တီးပေးကာ ယင်းကဏ္ဍများဖွံ့ဖြိုးတိုးတက်စေ ရေး ဦးဆောင်ပေးနိုင်မည့် ပြပွဲတစ်ခုဖြစ်ကြောင်း၊ ပြပွဲသို့ ကုမ္ပဏီစုစုပေါင်း ၁၀၀ ခန့်မှ ပြခန်း ၄၀၀ ခန့် လာရောက်ခင်းကျင်းပြသရန် စီစဉ်ထားရှိပြီး ဧည့်သည်ဦးရေ ၁၀,၀၀၀ ခန့် တက်ရောက်မည်ဖြစ် ကြောင်း သိရှိရသည်။

   အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ဆက်သွယ်၍ ချိတ်ဆက် ပြသနိုင်ကြောင်း သိရှိရပါသည်။

သတင်းအချက်အလက်များ