35 th Manufacturing World Japan- New Value Creation Exhibition in Mechanical Components and Technology Expo 2023 သို့ မြန်မာနိုင်ငံမှ လုပ်ငန်းများ ပါဝင်ပြသရန်ဖိတ်ကြား

Tue, 05/30/2023 - 03:55 -- mocadmin

   ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Tokyo Big Sight ၊ East Hall 5 ၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် 35th Manufacturing World Japan- New Value Creation Exhibition in Mechanical Components and Materials Technology Expo 2023 သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင် ကိုယ်စားလှယ်များ ပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။

   အဆိုပါပြပွဲသည် ဂျပန်နိုင်ငံ၏ အကြီးဆုံးဖြစ်သော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဆိုင်ရာ ပြပွဲတစ်ခုဖြစ်ကြောင်း၊ ယင်းပြပွဲတွင် စက်နှင့် စက်ကိရိယာ အပိုပစ္စည်းများနှင့် ထုတ်လုပ်မှု နည်းပညာများကို ပြသမည်ဖြစ်ကြောင်း၊ ပြပွဲတွင် ပြခန်းပေါင်း (၁၇၅၀) ခန်း ပါဝင်ပြသ မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ပြခန်းများ ပြသလိုပါက ပါဝင်ပြသနိုင်ရန် SME Support Japan က ဖိတ်ကြားထားကြောင်း သိရှိရသည်။

   အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရှိရပါသည်။

သတင်းအချက်အလက်များ