“ Smart Farm Korea 2023 (SFKOREA) ” သို့ မြန်မာနိုင်ငံမှ လုပ်ငန်းများ ပါဝင်တက်ရောက်ရန် ဖိတ်ကြား

Tue, 04/25/2023 - 03:44 -- mocadmin

   ကိုရီးယားသမ္မတနိုင်ငံ၊ Changwong Convention Center (CECO) ၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှ ၁၇ ရက်အတွင်း ကျင်းပပြုလုပ်မည့် “Smart Farm Korea 2023 (SFKOREA)” သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်ကိုယ်စားလှယ်များ ပြခန်းဖွင့်လှစ်ပါဝင်ပြသနိုင်ကြောင်းဖိတ်ကြားလာသည်။

   အဆိုပါ ပြပွဲကျင်းပပြုလုပ်ခြင်းမှာ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေး ရည်ရွယ်၍  Smart Farm Korea 2023 (SFKOREA) ကို ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ပြပွဲသို့ ကုမ္ပဏီစုစုပေါင်း (၁၀၀) ခန့်မှ ပြခန်းပေါင်း (၃၀၀)အား လာရောက်ပြသမည်ဖြစ်ပြီး ဧည့်သည် (၂၀,၀၀၀) ခန့် တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

   ပြပွဲသို့ မြန်မာနိုင်ငံမှ ဝယ်ယူလိုသူများ ဥပမာ - Smart Farming  ကျွမ်းကျင်သူများ၊ ပါမောက္ခများ၊ ကုမ္ပဏီများနှင့် တီထွင်ဆန်းသစ်သည့် အတွေးအခေါ်များရှိသော ပုဂ္ဂိုလ်များကို ဖိတ်ကြားလိုပါကြောင်း၊  မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်မည်ဆိုပါက အသွားအပြန် လေယာဉ် လက်မှတ်နှင့် (၂) ရက်စာ တည်းခိုစရိတ်အတွက် ကျခံပေးမည်ဖြစ်ကြောင်း သိရှိရသည်။

   အဆိုပါပြပွဲသို့ တက်ရောက်လိုသူများ အနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected]၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။

သတင်းအချက်အလက်များ