“ 32nd Vietnam International Trade Fair” ပြပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းများ ပါဝင်ပြသရန်ဖိတ်ကြား

Tue, 01/24/2023 - 04:01 -- mocadmin

   ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည့် “ ၃၂ ကြိမ်မြောက် ဗီယက်နမ်အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲ (32nd Vietnam International Trade Fair - Vietnam Expo 2023) ” သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင် တက်ရောက်ပြသနိုင်ကြောင်း ဖိတ်ကြားလာသည်။

   ပြပွဲတွင် နိုင်ငံပေါင်း (၂၀) ကျော်မှ ပြခန်း (၈၀၀) ကျော် ပါဝင်ပြသမည်ဖြစ်ပြီး မြန်မာ နိုင်ငံအတွက် ပြခန်း (၂)ခန်းအား အခမဲ့ထောက်ပံ့ပေးမည်ဖြစ်သည်။ တက်ရောက်မည့် ကိုယ်စား လှယ်များအတွက် အပြည်ပြည်ဆိုင်ရာခရီးစရိတ်နှင့် တည်းခိုနေထိုင် စားသောက်စရိတ်များအား မိမိအစီအစဉ်ဖြင့် ကျခံသုံးစွဲရမည်ဖြစ်သည်။

   ပြပွဲကာလအတွင်း ကျင်းပပြုလုပ်မည့် နိုင်ငံတကာစီးပွားရေးဆိုင်ရာ အစည်းအဝေး များ၊ ကုန်စည်ပြပွဲနှင့် စီးပွားရေးဆိုင်ရာ အတွေ့အကြုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများသို့ မြန်မာလုပ်ငန်းရှင်များနှင့်အတူ အစိုးရတာဝန်ရှိသူ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်မည်ဖြစ် ကြောင်း သိရှိရသည်။

   အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေး ဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရှိရသည်။

သတင်းအချက်အလက်များ