“ 2nd Ho Chi Minh City International Exhibition on the Food and Beverage Industry 2023 ” သို့ မြန်မာနိုင်ငံမှ လုပ်ငန်းများ ပါဝင်ပြသရန်ဖိတ်ကြား

Tue, 04/25/2023 - 03:41 -- mocadmin

   ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပပြုလုပ် မည့် “2nd Ho Chi Minh City International Exhibition on the Food and Beverage Industry 2023” သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ကြောင်း ဖိတ်ကြားလာသည်။

   အဆိုပါပြပွဲ ကျင်းပရခြင်းရည်ရွယ်ချက်မှာ စီးပွားရေးလုပ်ငန်းများအတွက် အခက်အခဲများ နှင့် စိန်ခေါ်မှုများကို ကျော်လွှားရန်၊ ဈေးကွက်ချဲ့ထွင်ရန်၊ ဟိုချီမင်းမြို့တော်၏ ထုတ်ကုန်ပစ္စည်းများအားပံ့ပိုးရန်၊ ကုန်သွယ်ရေးချိတ်ဆက်မှုများ ဖန်တီးပေးရန်၊ ဒေသခံ စားသောက်ကုန်လုပ်ငန်းများအတွက် ထိရောက်သော ရင်းနှီးမြှုပ်နှံမှုရင်းမြစ်များအား ဆွဲဆောင်သွားနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရှိရသည်။

   ပြပွဲတွင် သက်ဆိုင်ရာနိုင်ငံအသီးသီး၏ အထွေထွေပြခန်း တစ်ခန်း (သို့မဟုတ်) လုပ်ငန်း တစ်ခုစီအလိုက် ပြခန်းတစ်ခန်းစီဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ အစားအသောက် ထုတ်ကုန်များကို မိတ်ဆက်ပြသနိုင်မည်ဖြစ်သည်။

   အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected]၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့  ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သတင်းရရှိသည်။

သတင်းအချက်အလက်များ