တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် “The 5th China International Import Expo (CIIE)”ကုန်စည်ပြပွဲ ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံမှ ပါဝင်ပြသ

Thu, 11/10/2022 - 03:52 -- mocadmin

   တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် “The 5th China International Import Expo (CIIE)” ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၄ ရက်နေ့ ညနေပိုင်း၊ ဘေကျင်းမြို့စံတော်ချိန် ၂၀:၀၀ နာရီ အချိန်တွင် Online/ Offline ဖြင့် ကျင်းပခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာရှီကျင့်ဖျင် တက်ရောက်၍ ဗွီဒီယိုဖြင့် အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

   ယခုနှစ်ကျင်းပသည့် “The 5th China International Import Expo (CIIE)” ကုန်စည် ပြပွဲကို “မျှဝေထားသော ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းများအတွက် ကမ္ဘာလုံးဆိုင်ရာ ပွင့်လင်းမှုကိုလှုံ့ဆော်ခြင်း” ဆောင်ပုဒ်နှင့်အညီ ကျင်းပခြင်းဖြစ်သည်။ အဆိုပါ နိုင်ငံတကာကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသ ခြင်းဖြင့် နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ဆက်ဆံမှုများတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုတွင် မြန်မာနိုင်ငံအတွက် စီးပွားရေးအခွင့်အလမ်းကောင်းများကို တိုးမြှင့် စေနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် အဆိုပါကုန်စည်ပြပွဲကို ပထမအကြိမ်မှစတင်၍ နှစ်စဉ် နှစ်တိုင်း ပါဝင်ပြသနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း မြန်မာ့ ထွက်ကုန်ပစ္စည်းများကို ပြခန်း (၄) ခန်းဖြင့် ပါဝင်ပြသလျက်ရှိသည်။ အဆိုပါကုန်စည်ပြပွဲသို့  မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၄၅) နိုင်ငံမှ ပါဝင် ပြသလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းအချက်အလက်များ