ကားတင်သွင်းရန် Bus Car ပါမစ်လျှောက်ထားမှုနည်း

Thu, 10/13/2011 - 09:52 -- Anonymous (not verified)

နေပြည်တော် ၊ အောက်တိုဘာလ ၁၃ ရက်

သက်တမ်းလွန်မော်တော်ယာဉ်များအပ်နှံ၍ ကားတင်သွင်းရန် သွင်းကုန်ပါမစ် ပြန်လည်လျှောက်ထား မှုများ နေ့စဉ်တိုးတက်လျက်ရှိရာ စက်တင်ဘာလ (၁၉) ရက်နေ့မှ အောက်တိုဘာလ (၁၁) ရက်နေ့အထိ ကာလအတွင်း ကားပါမစ်လျှောက်ထားမှု စောင်ရေ (၂၉၂၃) စောင် ရှိခဲ့သည်။ ကားတင်သွင်းရန် ပါမစ်လျှောက် ထားကြရာတွင် Saloon ၊ Hatchback ၊ Van ၊ Wagon ၊ Pickup အမျိုးအစားများကိုသာ နေ့စဉ်လျှောက်ထားမှု များသော်လည်း စီးပွားရေးလုပ်ငန်းသုံးကားများ တင်သွင်းရန် လျှောက်ထားမှုအလွန်နည်းနေသေးသည်ဟု သတင်းရရှိသည်။ စက်တင်ဘာ (၁၉) ရက်မှ အောက်တိုဘာ (၁၁) ရက်နေ့အထိ ကာလအတွင်း ပါမစ် ထုတ်ပေးရမှု စောင်ရေ (၂၉၂၃) စောင်ရေ ၊ Bus Car တင်သွင်းရန် ပါမစ် (၂၁) စောင်သာ ထုတ်ပေးခဲ့ရ ကြောင်း ၊ Brand များမှာ ဂျပန်နိုင်ငံထုတ် Mitsubishi Brand နှင့် ကိုရီးယားနိုင်ငံထုတ် Hyundai နှင့် Kia Brand တို့ ဖြစ်ကြောင်း သတင်းရရှိသည်။