ကမ္ဘောဒီးယားကုန်သည်များမှတဆင့် ထိုင်းနိုင်ငံကို ဗီယက်နမ်ဆန်များရောင်းချ

Thu, 08/30/2012 - 07:29 -- Anonymous (not verified)

မဲခေါင်ဒေသမှ အချို့ကုန်သည်များဟာ တရားဝင်တင်သွင်းစာချုပ်မပါဘဲ ထိုင်းနိုင်ငံကို ပမာဏကြီးမားတဲ့ ဆန်များ မကြာခင်က တင် ပို့ခဲ့တယ်လို့ သိရပါတယ်။ ဗီယက်နမ်ဆန်တွေကို ထိုင်းလုပ်ငန်းရှင်ရော တင်သွင်းသူတွေပါ တိုက်ရိုက်ဝယ်ယူခြင်းမရှိပေမယ့် ကမ္ဘောဒီးယားကုန်သည်များက ဝယ်ယူပြီး၊ ထိုင်းကိုပို့ခြင်းဖြစ်ပါတယ်။ ဗီယက်နမ်နဲ့ ကမ္ဘောဒီယားအကြား နယ်စပ်ခြင်း ဆက် စပ်နေတဲ့ ပြည်နယ်များမှာ ကမ္ဘောဒီးယား ကုန်သည် များဟာ ဗီယက်နမ်ဆန် အမျိုးအစားအမျိုးမျိုးကို အရည်အသွေးအနိမ့်တဲ့ အမျိုး အစားကစပြီး ဆန်မွှေးနဲ့ အရည် အသွေးမြင့် OM 4900 နဲ့ OM 4218 ဆန်အမျိုးအစားတို့ကိုပါ လက်ငင်း ဝယ်ယူမှုများနေတယ်လို့ သိရပါတယ်။