နောက်ဆုံးရ သတင်း

နေပြည်တော်- ဒီဇင်ဘာ ၂


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် မန္တလေးတိုင်းဒေသကြီး အစိုးအရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံ၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးတို့လိုက်ပါလျက်မန္တလေးမြို့၊ ကြေးနန်းဝန်းရပ်ရှိ မြန်မာနိုင်ငံ သကြားနှင့်ကြံသကာ လုပ်ငန်းရှင်များ ကထိန်တော်အသင်းသို့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ၂ ရက်နေ့ နေ့လည်(၁၂၀၀)နာရီတွင် ရောက်ရှိကာ အသင်းသားအသင်းသူများနှင့် တွေ့ဆုံ အမှာစကားေ ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံက ပြောကြားရာတွင် ညှိညှိနှိုင်းနှိုင်း ညီညီညွတ်ညွတ် စုပေါင်းလုပ်ဆောင်ကြရန်လိုကြောင်း၊ ကြံစိုက်ပျိုးရေးနှင့် ပတ်သက်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများမှ နည်းပညာများ ရယူနိုင်ရေး ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ စိုက်ပျိုးနည်းစနစ် မှန်ကန်ရန်နှင့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရန် လိုအပ်သောကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ သကြားနှင့် သကာရည်လုပ်ငန်းရှင်များ ကထိန်တော်အသင်း ဥက္ကဌ ဦးစက်မြင့်မောင်က ကြိုဆိုနှုတ်ခွန်း ဆက်စကားပြော ကြားပြီး ကြံနှင့်ကြံထွက်ပစ္စည်း ထုတ်လုပ်သူများနှင့်ကုန်သည်များအသင်းဥက္ကဌ ဦးစိုးလင်းနှင့် အသင်း၏ ဒုတိယဥက္ကဌ ဦးစံသိန်းတို့က အသင်း၏ အခြေအနေ အရပ်ရပ်ကို ရှင်းလင်းတင်ပြပါသည်။

အစီအစဉ်အရ တက်ရောက်လာသော လုပ်ငန်းရှင်များက သိရှိလိုသောအချက်များကို ဆွေးနွေးမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားပြီး အခမ်း အနားကို မွန်းလွဲ (၁၄၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

နေပြည်တော်- ဒီဇင်ဘာ ၂

   

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဦးအောင်ဇံ၊ နယ်စပ် ကုန်သွယ်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေး၊မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး တိုင်းမန်နေဂျာဦးမျိုးသူတို့လိုက်ပါလျက် မန္တလေးမြို ကြးနန်းဝန်ရပ်ရှိ မြန်မာနိုင်ငံသကြားနှင့် သကာရည်လုပ်ငန်းရှင်များကထိန်တော်အသင်းအဆောက်အဦသို့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၁၅း၀၀ နာရီအချိန်တွင် ကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ပွဲစားကုန်သည်စက်ပိုင်များ (ကထိန်တော်အသင်း) ဆန်စပါးကုန်စည်ဒိုင် အသင်းသားမျာနှင့် တွေ့ဆုံအမှာစကားပြောကြားပါသည်။

   ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးအောင်ဝင်းခိုင်မှ ဆွးနွေးတင်ပြပါသည်။ အခမ်းအနားတွင် ပွဲစားကုန်သည်စက်ပိုင် များ (ကထိန်တော်အသင်း) ဥက္ကဌ ဦးသိန်းထွန်း၊ ဆန် စပါးကုန်စည်ဒိုင် အသင်း ဥက္ကဌ ဦးဌေးလွင်တို့က အသင်းနှင့်ပတ်သက်သည့် အခြေအနေအရပ်ရပ်ကို ရှင်းလင်းတင်ပြပါသည်။

            ယင်းနောက်တက်ရောက်လာသောလုပ်ငန်းရှင်များက သိလိုသောအချက်အလက်များကို ဆွေးနွေးမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားပြီး အခမ်းအနားကို ညနေ ၁၅း၀၀ နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

                                                                                                                                                 DOTADMIN_News

နေပြည်တော်- ဒီဇင်ဘာ၁

   

   

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မသန်စွမ်းအားကစားသမားများ ဂုဏ်ပြုဆုပေးပွဲနှင့် ညစာစားပွဲအခမ်းအနား ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ(၃၀) ရက် ညနေ(၁၆း၀၀)နာရီအချိန်က နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၃) စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် တက်ရောက်ပြီး ဂုဏ်ပြုအမှာစကားပြောကြားပါသည်။

       ဆက်လက်ပြီး မသန်စွမ်းအားကစားအဖွဲ့ခေါင်းဆောင်မှ ပြိုင်ပွဲများတွင်ရရှိခဲ့သောဒိုင်းဆုများအား ပြည်ထောင်စုဝန်ကြီးထံ အပ်နှံပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ အားကစားအမျိုးအစားအလိုက် ဆုများပေး အပ်ချီးမြှင့်ပြီး ဆုရအားကစားသမားများကိုယ်စား အားကစားသမား (၁)ဦး မှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားအပြီးတွင် ဂုဏ်ပြုညနေစာဖြင့် တည်ခင်းဧည့်ခံ ခဲ့ပါသည်။

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် (၂၀-၁၁-၂၀၁၂) မှ (၂၅-၁၁-၂၀၁၂) ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သည့် (၂၄)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် (၂၃)ခု၊ ငွေတံဆိပ် (၁၆) ခု၊ ကြေးတံဆိပ် (၁၃)ခု ၊ ဆုတံဆိပ်စုစုပေါင်း (၅၂)ခုနှင့် ပထမတံခွန်စိုက်ဒိုင်းဆုကြီးကိုထိုက်ထိုက် တန်တန်ရရှိခဲ့ပါသည်။

                                                                                                                                                DOTADMIN_News

kahtain  kahtain2  kahtain3  kahtain4  kahtain5
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာ့ လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး၊ မြန်မာနိုင်ငံသားများ ဘဏ်လီမိတက် ၊မြန်မာ့ ကုန်ပစ္စည်း စစ်ဆေးရေး စမ်းသပ်မှု လုပ်ငန်းလီမိတက်နှင့် အငှားယာဉ်လုပ်ငန်း ဝန်ထမ်းမိသားစုများ၏ သတ္တမအကြိမ်မြောက် ကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်း ပွဲအခမ်းအနားကို ယနေ့နံနက် (၉ ၃၀) နာရီအချိန်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စုပေါင်း ခန်းမတွင် ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့် တက်ရောက်ပြီး ကထိန်သင်္ကန်း ဆပ်ကပ်လှူးဒါန်းခဲ့ပါသည်။

အစီအစဉ်အရ နေပြည်တော် ပျဉ်းမနားမြို့ ဘုရားကြီးတောရကျောင်းတိုက် ပဓာန နာယကဆရာတော် ကမ္မဌာနာစရိယ ဘဒ္ဒန္တဓမ္မပါလထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော် အရှင်သူမြတ်များမှ မေတ္တာသုတ် ပရိတ် တရားတော်များ ရွတ်ဖတ်သရဇျယ်တော်မူကြပြီး ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများမှ ဆရာတော် သံဃာတော်များကို ကထိန် သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြပါသည်။

ယင်းနောက် ပျဉ်းမနားမြို့ ဘုရားကြီးတောရကျောင်းတိုက် ပဓာနနာယကဆရာတော် ကမ္မဌာနာစရိယ ဘဒ္ဒန္တဓမ္မပါလထံမှ ကထိန် အနုမောဒနာ တရားနာကြားပြီး လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများမှ သံဃာတော် အရှင်သူမြတ် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ရန်ကုန် ၊ နိုဝင်ဘာ ၂၅

 

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးဝင်းမြင့်သည် နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်မြို့ သုဝဏ္ဏ သံသုမာလမ်းရှိ စစ်ကိုင်းစာသင်တိုက်တွင် ကျင်းပပြုလုပ်သော (၁၃)ကြိမ်မြောက် ကထိန်သင်္ကန်း နှင့်လှူဖွယ်ပစ္စည်းများကို မြန်မာ့ လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး၊ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့မှ စုပေါင်းလှူဒါန်းသည့် ကထိန်သင်္ကန်းဆပ်ကပ်ပွဲသို့ တက်ရောက်ခဲ့ပါသည်။

          ရှေးဦးစွာ ဆရာတော် သံဃာတော်များထံမှ ငါးပါးသီလဆောက်တည်ခံယူကြပြီး ဆရာတော်ဘုရားကြိးထံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်နှင့် တက်ရောက် လာသူများမှ ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းကြပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဆရာတော် သံဃာတော် များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်း ကြပါသည်။

Pages

Subscribe to နောက်ဆုံးရ သတင်း