နောက်ဆုံးရ သတင်း

ဗီယက်နမ်က ၂၀၁၂ ခုနှစ် ပထမ (၇) လအတွင်း ထိုင်ဝမ်ကို ပုဇွန်တင်ပို့မှုမှ ဝင်ငွေ ကန်ဒေါ်လာ ၄၂ သန်း ရရှိခဲ့ရာ ယခင်နှစ်အလားတူကာလက တင်ပို့မှု ၁၆ ရာခိုင်နှုန်းတိုးတက်ခဲ့တယ်။ ဗီယက်နမ်က ၂၀၀၇ ခုနှစ်မှစပြီး ထိုင်ဝမ်ကိုပုဇွန်တင်ပို့ရာမှာ ဦးဆောင်နိုင်ငံဖြစ်လာခဲ့ရာ ၂၀၁၁ ခုနှစ်အတွင်း ထိုင်ဝမ်ပုဇွန်တင်သွင်းမှု စုစုပေါင်းရဲ့ ၂၄ ဒသမ ၅ ရာခိုင်နှုန်းမှာ ဗီယက်နမ်ပုဇွန်တွေဖြစ်တယ်လိ့ု ဗီယက်နမ်ပင်လယ်စာတင်ပို့သူများနဲ့ ထုတ်လုပ်သူများ အသင်း(VASEP) က ပြောကြားတယ်။ ဒါပေမဲ့ထိုင်ဝမ်မှာ ဗီယက်နမ်ပုဇွန်တွေက အိန္ဒိယနဲ့ အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းတဲ့ ပုဇွန်တွေထက်ဈေးမြင့် နေရာ ဈေးကွက်ပိုမိုရရှိရေး ခက်ခက်ခဲခဲယှဉ်ပြိုင်နေရတယ်လိ့ု VASEP က ပြောကြားတယ်။
Source:    english.vovnews.vn
ပပ

နော်ဝေနိုင်ငံမှ    မြန်မာနိုင်ငံသို့ Generalized System of Preferences (GSP) ပေးအပ်ရေးနှင့်ပတ်သက်သည့် ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ရှိ Park Royal Hotel ၌ သြဂုတ် ၇ ရက်က ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးတင့်သွင်က  ပြောကြားရာတွင် အစိုးရသစ်လက်ထက်တွင် စီး ပွားရေးနှင့်နိုင်ငံရေးပြုပြင်ပြောင်းလဲမှု များကို အဆင့်ဆင့်ဖြေလျော့ပေးလျက် ရှိကြောင်း၊ ယင်းကဲ့သို့ဖြေလျော့ပေးမှုများကြောင့် စီးပွားရေးနှင့်ကုန်သွယ်ရေး ဆိုင်ရာအခွင့်အလမ်းများလည်းတိုးပွား လျက်ရှိကြောင်း၊ နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဦးဆုံး  GSP  ပေး သည့်အတွက် များစွာဝမ်းမြောက်မိပါ ကြောင်း၊ ယင်းကဲ့သို့ GSP  ပေးအပ်သည့်အတွက် မြန်မာ့ပို့ကုန်လုပ်ငန်းရှင် များအနေဖြင့်  နော်ဝေနိုင်ငံအတွင်း ဈေးကွက်ချဲ့ထွင်ရာ၌ များစွာအထောက် အကူပြုမည်ဖြစ်ပါကြောင်း၊ ယခုဆွေး နွေးပွဲမှ ရရှိလာသည့်အခွင့်အလမ်းများ ကို ပို့ကုန်လုပ်ငန်းရှင်များ၊  တာဝန်ရှိသူ များအနေဖြင့် အပြည့်အဝ  ရယူနိုင်ရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း စသည် ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ဘန်ကောက်အခြေစိုက်  နော်ဝေနိုင်ငံသံရုံးမှ စစ်သံမှူး Mr. Erik SVEDAHL  က ပြောကြားရာတွင် နော်ဝေနိုင်ငံ အနေဖြင့် GSP   ကို ပေးအပ်ရခြင်းမှာ  မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့်  ကုန်ပစ္စည်းများအား နော်ဝေနိုင်ငံတွင်းသို့ ဦးစွာဈေးကွက် ရှာဖွေနိုင်ရန် အတွက်ပင် ဖြစ်ကြောင်း၊ မြန်မာ့ကုန်ပစ္စည်းများကို နော်ဝေနိုင်ငံ သို့ လွတ်လပ်စွာတင်ပို့ခွင့်ရနိုင်ကြောင်း၊ နော်ဝေနိုင်ငံကို  တင်ပို့ရာတွင် GSP   ရသည့်အတွက်   တခြားနိုင်ငံများမှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ် နှံကြမှာဖြစ်ကြောင်း၊ ယင်းကဲ့သို့ရင်းနှီး မြှုပ်နှံကြခြင်းဖြင့် မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုများ ပြားလာနိုင်ကြောင်း၊ အထူးသဖြင့်အမျိုး  သမီးများအတွက် အလုပ်အကိုင်အခွင့် အလမ်းများပိုမိုရရှိလာနိုင်ကြောင်း စသည်ဖြင့်ပြော ကြားခဲ့သည်။
ထို့နောက်ကို GSP  နှင့် ပတ်သက်၍ နော်ဝေနိုင်ငံ Norwegian Director- ate of Customs and Excise  မှAssistant Director Cecile G. Alnes နှင့် Senior adviser Susann Nilsen   တို့က Generalized System of Preferences (GSP)   နှင့်ပတ်သက် သည့်အကြောင်းအရာများကို ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။ 
မယ်သီတာ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးများ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရ (Authorized Delaler)ဘဏ် ၁၄ ခုအနက် နိုင်ငံခြားရှိ ဘဏ်များနှင့် ချိတ်ဆက်နိုင်သော ဘဏ် ၇ ခုအား ပုံမှန်ပို့ကုန်သွင်းကုန် ကိစ္စများအတွက် စာရင်းဖွင့်လှစ်ဆောင်ရွက်ခွင့်ပြုပြီဖြစ်ကြောင်း ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။ သြဂုတ် ၂၄ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သော စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အကောက် ခွန်ဌာန၊ MFTB, MICB စသည့်ဌာနဆိုင်ရာညှိနှိုင်းအစည်းအဝေးမှဆုံးဖြတ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
"လောလောဆယ် နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရတဲ့ ဘဏ် ၁၄ ခုမှာ ၇ ခုကို ပို့ကုန်သွင်းကုန်ကိစ္စတွေအတွက် စာရင်းဖွင့်လှစ် ဆောင် ရွက်ခွင့်ပြုထားပါတယ်။ ဗဟိုဘဏ်က နောက်ထပ်ခွင့်ပြုပေးတဲ့ ဘဏ်တွေရှိလာရင်လည်း အဲဒီဘဏ်တွေကိုထပ်ပြီး ခွင့်ပြုပေးသွားမှာပါ" ဟု ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ သွင်းကုန်လုပ်ငန်းဌာနခွဲမှ ညွှန်ကြား ရေးမှူး ဦးမင်းမင်းက ကောမတ်စ်ကိုပြောကြားသည်။ အဆိုပါ ဘဏ် ၇ ခု မှာ သမဝါယမဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ကမ္ဘောဇဘဏ်၊ အာရှ စိမ်းလန်းဖွံ့ဖြိုးရေးဘဏ်၊ မြန်မာရှေ့ဆောင်ဘဏ်၊ ယူနိုက်တက် အမရဘဏ် နှင့် ဧရာဝတီဘဏ်တို့ဖြစ်ကြောင်းသိရသည်။
"ပုံမှန် ပို့ကုန်သွင်းကုန်လုပ်ငန်းတွေအတွက် သာမကပါဘူး။ လူပုဂ္ဂိုလ် တစ်ဦးချင်းလျှောက်ထားတဲ့ မော်တော်ယာဉ်အထူးပါမစ်တွေအတွက်လည်း ဒီဘဏ် ၇ ခုကနေ ဆောင်ရွက်လို့ရပါတယ်။ ဒီဘဏ်တွေရဲ့Bank Statement တွေနဲ့လက်ခံဆောင်ရွက်ပေးပါမယ်။ ဒါ့အပြင် ကားအရောင်းစင်တာ  တွေအနေနဲ့လည်း အမေရိကန်ဒေါ်လာ တစ်သိန်း Deposit ကိုလက်ရှိ MFTB  နဲ့  MICB မှာထားသလိုမျိုး ဒီခွင့်ပြုထားတဲ့ ပုဂ္ဂလိကဘဏ် ၇ ခုမှာလည်း ထားနိုင်ပါတယ်" ဟု ဦးမင်းမင်းကပြောသည်။                                                                                                    
DOT (YGN)

နေပြည်တော်- စက်တင်ဘာလ ၃ ရက်၊     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် ကနေဒါနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ဝန်ကြီး Mr.Edward Fast ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ (၃)ရက်၊ တနင်္လာနေ့ (၁၃း၀၀)နာရီ အချိန်တွင် လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ကနေဒါနိုင်ငံ အကြား စီးပွားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးရာတွင် ကနေဒါနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ပဲမျိုးစုံ ထုတ်လုပ်တင်ပို့ ရောင်းချမှု၌ ပထမနှင့်ဒုတိယနေရာအသီးသီး တည်ရှိနေပါကြောင်း ထုတ်လုပ်တင်ပို့ရောင်းချမှု နည်းပညာအပိုင်းတွင် ကွာခြားမှုရှိနေသဖြင့် နည်းပညာနှင့်် ထုတ်လုပ်တင်ပို့မှု၊ အရည်အသွေး ထိန်းသိမ်းမှု အပိုင်းများအား အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံနှင့်ကနေဒါနိုင်ငံတို့ အကြားနှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုပမာဏမှာနည်းပါးလျက်ရှိသဖြင့််ပိုမိုမြှင့်တင်နိုင်ရေးအတွက်အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး၊ ကနေဒါနိုင်ငံမှ ဖွဲ့ဖြိုးဆဲနိုင်ငံများအား ကုန်သွယ်မှု အထူး အခွင့်အရေး ပေးအပ်ထားသည့် GSP (Generalized System of Preference) အား မြန်မာ ကုန်သည် လုပ်ငန်းရှင်များမှ အပြည့်အ၀ အသုံးချနိုင်စေရေးအတွက် ကူညီဆောင်ရွက်ပေးရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ နယ်စပ် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ထို့နောက် ကနေဒါနိုင်ငံ ကုန်သည်များအသင်းမှ ဒုတိယဥက္ကဌ Mr. Derek Van Pelt ဦးဆောင်သည့် စီပွားရေးလုပ်ငန်းရှင်များနှင့်ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များသည် လုပ်ငန်းဆိုင်ရာ အသေးစိတ်ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးကြသည်။

ထိုင်းနိုင်ငံမှ အဆိုပြု တင်ပြတဲ့ အာဆီယံဆန်အသင်း (ASEAN Rice Cartel) ဖွဲ့စည်းဖိ့ုအဆိုမှာ ပူးပေါင်း ဆောင်ရွက်သွားဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအိုနိုင်ငံတို့က သဘောတူထားကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆိုတယ်။ အာဆီယံဆန်အသင်းကို ယခုနှစ်ကုန်ပိုင်းမှာ ဖွဲ့စည်း သွားမှာဖြစ်ကြောင်း၊ နှစ်စဉ် ၁၀ ရာခိုင်နှုန်းခန့် ဆန်ဈေးနှုန်း တိုးမြှင့်သွားဖို့ ရည်ရွယ်ကြောင်း၊ ဆန်အသင်းက ဆန်ဈေးနှုန်း တည်ငြိမ်ရေးနဲ့ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံရေးကို ဆောင် ရွက်နိုင်မှာဖြစ်ကြောင်း၊ အာဆီယံဆန် အသင်းဖွဲ့စည်းပြီး နောက်ပိုင်းမှာအရည်အသွေးမြင့် ဆန်ဖြူ ဈေးနှုန်းကို တစ်တန် ကို အမေရိကန်ဒေါ်လာ ၆၀ မှ ၈၀ ကြား မြှင့်တင်သွားနိုင်မှာ ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသွားတယ်။ 
၎င်းလှုပ်ရှားမှုက အစိုးရမှ ဆန်ချေးငွေထုတ်ပေးတဲ့ အစီအစဉ်နဲ့ ပိ့ုကုန်တင်ပို့မှုကို ကူညီပေးနေတဲ့ အခြေအနေမှ ပြန်လည်နာလန်ထူလာစေရေး ဆန်ဈေးနှုန်းမြင့်မားစေဖို့ ဆွဲတင်ပေးတဲ့ ဆန်အသင်းဖွဲ့စည်းရေး ထိုင်းအစိုးရအတွက် သိသာထင်ရှားတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ရပ် အနေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ ပို့ကုန်တင်ပို့သူတွေက လယ်သမားတွေအတွက် ဈေးကောင်းရရှိစေဖို့ အခွင့်အလမ်း ကောင်း တစ်ရပ်အဖြစ် ဆောင်ရွက်ပေးနိုင်တယ်လိ့ုဆိုကာ ဆန်အသင်းဖွဲ့စည်းရေးအတွက် ထိုင်းနိုင်ငံက ကမကထပြုနေ ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်နိုင်ငံများအကြား သယ်ယူပို့ဆောင်ရေး ကွဲပြားခြားနားခြင်း၊ သိုလှောင်နိုင်စွမ်း ကွာခြားခြင်း တို့က အဖွဲ့ကြီးအောင်မြင်မှုရရှိဖို့ ခက်ခဲနိုင်ကြောင်း ကျွမ်းကျင်သူ အချို့က ဆိုတယ်။ အခြားကျွမ်းကျင်သူတွေကလည်း ဈေးနှုန်းတည်ငြိမ်စွာ မြင့်တက်လာခြင်းကို ဒေသတွင်းနိုင်ငံအချို့ဖြစ်တဲ့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံမှ သွင်းကုန် တင်သွင်းသူတွေက လက်ခံနိုင်ဖွယ်မရှိကြောင်းလည်း သုံးသပ်ကြပါတယ်။
Source: Oryza.com
ရွှေစင်ကို

Pages

Subscribe to နောက်ဆုံးရ သတင်း