နောက်ဆုံးရ သတင်း

ပဲစင်းငုံက ပဲစိတ်ကုန်လို့ခေါ်ရမယ့် ကိန်းကို ဆိုက်ခဲ့ရာကနေ အခုတော့ ပြန် မတ်လာပါပြီ။ ရာသီဥတု အခြေအနေကြောင့်ရော၊ ဈေးနှုန်းအခြေအနေကြောင့် ရော ဒီနှစ်တော့ ဆိုးပြီလို့ထင်ရာကနေ အခုအခါမှာတော့ အကောင်းဖက်ကို ဦးတည် လာနေပြီလို့ ဆိုနိုင်ပါတယ်။ သြဂုတ်လ ကုန်ကာနီးလောက်အထိ မိုးမရွာလို့ အပင် တွေက တစ်ထွာတစ်မိုက်လောက်သာ ရှိခဲ့ရာကနေ မိုးရွာလာလို့ အခု စက်တင် ဘာလကုန်လောက်မှာတော့ အပင်တွေ ကောင်းကောင်း သန်စွမ်းလာနေပါပြီ။ ဒီအတိုင်းဆိုရင် အထွက်အနည်းငယ်လျော့နိုင်တာကလွဲလို့ အခြေအနေ မဆိုးနိုင် တော့ပါဘူး။ ဈေးနှုန်းပိုင်းမှာလဲ ပေါ်ချိန်မှာ ဈေးကောင်းဖို့တော့လိုပါသေးတယ်။ ဈေးကောင်းဖို့ဆိုတာထက် အရင်းထက်ကျော်လွန်တဲ့ ဈေးမျိုး၊ ကုန်ကျစရိတ်ထက် ကျော်လွန်တဲ့ ဈေးမျိုးရဖို့တော့ လိုပါတယ်။ လက်ရှိပဲစင်းငုံ ပေါက်ဈေးက မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံအကြားတစ်ပိဿာ ၅၈၃ ကျပ်၊ ရွှေဘိုစ ၇၆၇ ကျပ်နဲ့ ပဲစင်းငုံနီ ၉၃၃ ကျပ်ဖြစ်ပါတယ်။ ဒါကြောင့် တစ်တန်ဈေးက ၃၅၇၀၀၀ ကျပ်ကနေ ၅၇၁၃၀၀ ကျပ်အတွင်းရှိပါတယ်။ ပဲစင်းငုံ ကတော့ လက်ကျန် အတော်နည်းပါးနေပြီလို့လဲ သတင်းစုံစမ်းရရှိပါတယ်။ နယ်မှာတော့ မရှိသလောက် နည်းပါးလာပြီး၊ ရန်ကုန်မှာပဲ သွားစုနေသလိုဖြစ်ပါတယ်။ ဈေးတက်လာပေမယ့် လက်ရှိအခြေအနေမှာတော့ တောင်သူတွေအတွက် အကျိုးမရှိသလောက်ပါပဲ။ ဈေး တက်ချိန်က တောင်သူလက်ဝယ်မှာ မရှိချိန်ဖြစ်နေလို့ တောင်သူတွေ အတွက် ပေါ်ချိန်မှာဖြစ်ပေါ်တဲ့ဈေးကသာ တောင်သူရဲ့ အကျိုးစီးပွားကို အဓိကအထောက် အကူဖြစ်ပါတယ်။ ဒါကြောင့် တောင်သူများက ဒီအချိန်ဈေးတက်တာထက် ပေါ် ချိန်မှာ သင့်တော်မယ့်ဈေးဖြစ်တာကို လိုလားကြပါတယ်။   
မျိုးသူ၊ မန္တလေး

စက်တင်ဘာလ ၁၁ ရက်နေ့မှစပြီး ထိုင်းဆန်ဈေးနှုန်းတွေက အနည်းငယ် အားနည်းလာတယ်။ လောလောဆယ် ပြည်ပမှ ဝယ်လိုအားမရှိခြင်းနဲ့ စပါးအသစ်ပေါ်တော့မှာ ဖြစ် ခြင်းတို့ကြောင့် ထိုင်းဆန်ဈေးနှုန်း ကျဆင်းလာခြင်းဖြစ်တယ်။ ထိုင်းဆန်ဖြူ ၁၀၀ ရာခိုင်နှုန်း (B) က တစ်တန်ကို ၅၈၀ ဒေါ်လာမှ၅၆၅ ဒေါ်လာအထိ၁၅ ဒေါ်လာဈေးကျလာတယ်။
ဗီယက်နမ်ဆန်ဈေးနှုန်းတွေမှာတော့ သြဂုတ်လမှ စက်တင်ဘာ ၁၁ ရက်အထိ ဆက်တိုက်မြင့်မားခဲ့ပြီးနောက် ယခုရက်ပိုင်းဈေးနှုန်း အပြောင်းအလဲမရှိ တည်ငြိမ်နေတယ်။ လောလောဆယ် ပြည်ပမှ ဝယ်လိုအား မရှိသော်လည်း ပြည်တွင်းစပါးရောင်းလိုအား အကျပ်အတည်းကြောင့် ဈေး နှုန်း တည်ငြိမ်ခိုင်မာနေတယ်။
အိန္ဒိယဆန်ဈေးနှုန်းမှာတော့ အနည်းငယ်ဈေးမြင့် လာတယ်။အာဖရိကဈေးကွက်မှ အောက်တိုဘာလ သင်္ဘော တင်စနစ်နဲ့  ဆန်ဝယ်ယူဖို့ ကမ်းလှမ်းနေရာ ဈေးမြင့်လာခြင်း ဖြစ်တယ်။ စက်တင်ဘာလ ၁၀ ရက်နေ့က တစ်တန်ကို ၃၈၅ ဒေါ်လာရှိတဲ့ အိန္ဒိယဆန်ဖြူ (၂၅ မှတ်ဆန်) က စက်တင် ဘာလ ၁၁ ရက်မှာ ၃၉၀ ဒေါ်လာအထိ ၅ ဒေါ်လာဈေးမြင့် လာတယ်။ ဒါ့အပြင် မုတ်သုံမိုးရရှိမှု နောက်ကျခြင်းက စပါး အသစ်ရိတ်သိမ်းမှုကို နှောင်းနှေးစေတဲ့ အတွက်အိန္ဒိယ ဆန်ဈေးနှုန်းကို ပိုမိုမြင့်မားအောင် အထောက်အပံ့ပေးနေ တယ်။ အိန္ဒိယဆန်ဈေး  မြင့်မားလာတယ်ဆိုသော်လည်း အခြားနိုင်ငံတွေရဲ့ ဆန်ဈေးနှုန်းနဲ့ယှဉ်ရင် ဈေးနှုန်းပိုမိုချိုသာ နေတယ်။ အိန္ဒိယဆန်ဖြူ (၂၅ မှတ်ဆန်) မှာ တစ်တန်ကို ၃၉၀ ဒေါ်လာဖြစ်သော်လည်း အမျိုးအစားတူ ပါကစ္စတန် ဆန်၊ ဗီယက်နမ်ဆန်နဲ့ ထိုင်းဆန်တို့မှာ တစ်တန်ကို ၄၀၀ ဒေါ်လာ၊ ၄၃၀ ဒေါ်လာ နဲ့ ၅၄၀ ဒေါ်လာစီ အသီးသီးဖြစ်တာ ကို သုံးသပ်တွေ့ရှိရတယ်။                   
ပပ
Source:reuters.com,oryza.com, riceonline.com

totalမြန်မာ့ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း (MRPPA) နှင့် နိုင်ငံတကာ ရော်ဘာသုတေသနနှင့် ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (IRRDB) တို့ပူးပေါင်းပြီး “ မြန်မာ့ရော်ဘာအရည်အသွေး အဆင့်အတန်းမြင့်မား ရေး (Quality Improvement of Rubber in Myanmar) အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသ ကြီး၊ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အစည်းအဝေးခန်းမ၌ (15.9.2012) နေ့မှ (၁၆.၉.၂၀၁၂) နေ့ထိ ကျင်းပခဲ့ပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာ ရော်ဘာသုတေသနနှင့် ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (IRRDB) မှ အထွေထွေ အတွင်းရေးမှူးတို့မှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာ နိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ဥက္ကဌမှ ကြိုဆိုနှုတ်ခွန်း ဆက် စကားပြောကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်တိုင်းဒေသကြီးများမှ စိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည်များ၊ ဌာနဆိုင်ရာများ၊ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်းနှင့် အသင်းတာဝန်ရှိသူများ အပါအဝင် စုစုပေါင်း (၁၇၀) ဦး တက်ရောက်ခဲ့ပါသည်။


အလုပ်ရုံဆွေးနွေးပွဲမှာ IRRDB အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒို နီးရှားမှ စာတမ်းရှင် (၁၁) ဦးနှင့် မြန်မာနိုင်ငံတို့ စာတမ်းရှင် (၃) ဦးတို့မှ စာတမ်းများဖတ်ကြားခဲ့ပါသည်။ အဖွဲ့ဝင်နိုင်ငံများမှ ရော်ဘာအရည်အသွေးနှင့် ပတ်သက်ပြီး လိုက်နာကျင့်သုံးနေသည့် ကုန်ချော ထုတ် လုပ်ပုံထုတ်လုပ်နည်းများ၊ အရည်အသွေး စံချိန်စံညွှန်း သတ်မှတ်ထား ချက်များ၊ အရည်အသွေးများကို ဓါတ်ခွဲစမ်းသပ်ပြီး အသိအမှတ်ပြုလက်မှတ်များ၊ ISO လက်မှတ်များထုတ်ပေးမှု၊ ဈေးကွက်ဈေးနှုန်း တည်ငြိမ်မျှတစေသည့် ဗဟိုရော်ဘာရောင်းဝယ်ရေးဈေးကွက်ကြီးများ ထူထောင်ကာ ဆောင်ရွက်နေမှု Rubber powder ထုတ်လုပ်မှု၊ ရော်ဘာပျိုးထောင်ပြုစုစောင့်ရှောက်မှုများ စသည့်အသိပညာပေး စာတမ်းများဖတ်ကြားတင်ပြသွားပါသည်။ အလုပ်ရုံဆွေးနွေးပွဲအပြီးတွင် IRRDB မှ အထွေထွေအတွင်းရေးမှူးက စာတမ်းဖတ်ကြားသူများ အားဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ခဲ့ပါသည်။

မြန်မာနိုင်ငံဟာ သဘာဝသယံဇာတများပေါကြွယ်ဝတဲ့အတွက် စီးပွားရေးဖွံ့ဖြိုးလာစေရန် စနစ်တကျ အကျိုးရှိစွာ ထုတ်ယူသုံးစွဲတတ်မှုအပေါ်မူတည်ပြီး ရေရှည်တည်တံ့အောင် ပျိုးထောင်ခြင်းဖြင့် သားစဉ်မြေးဆက် လက်ဆင့်ကမ်းအမွေ ဆက်ခံစေလျက်ရှိပါတယ်။ သစ်တောသစ်ပင်များ မပြုန်းတီးအောင် ထုတ်ယူသုံးစွဲမှုနဲ့ အစားထိုးပြုစုပျိုးထောင် စိုက် ပျိုးခြင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်လျက် ရှိပါတယ်။ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးအတွက် ရာသီလဲမျှ စီးပွားလည်းဖြစ်မဲ့ သစ်ပင်သစ်တောများအား စနစ် တကျရွေးချယ်ပြီး စီမံချက်ချစိုက်ပျိုးခြင်းဖြင့် တောင်ကတုံးကို ရောင်ထုံးပေးလျက်ရှိပါတယ်။ အပူပိုင်းဒေသတစ်ခုဖြစ်တဲ့ အညာမြေက တမာပင်များနဲ့ တမာတန်း၊ တမာလမ်းတို့မှာ စာရေးဆရာများရဲ့ သီချင်းစပ်ဆိုရာအနုပညာအတွက် ကုန် ကြမ်း ဖြစ်သကဲ့သို့ တိုင်းပြည်ရဲ့ပို့ကုန်စွမ်းအား တိုးတက်လာ စေရေးအတွက် တစ်ထောင့်တစ်နေရာမှနေပြီး အားဖြည့်ပေး လျက်ရှိပါတယ်။ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းအနေနဲ့ တမာပင်မှ တမာစေ့ကုန်ကြမ်းများရယူကာ တမာပိုးသတ်ဆေးရည်များ ပြုပြင်ထုတ်လုပ်ခြင်းဖြင့် ပြည်ပသို့တင်ပို့ရောင်းချနေ သကဲ့သို့ တမာသွားတိုက်ဆေး၊ တမာဆေးဆပ်ပြာများလည်း ကုန်ချောအဖြစ် ပြည်တွင်းမှာထုတ်လုပ်သုံးစွဲလျက်ရှိပါတယ်။ ယခင်က ပို့ကုန်တင်ပို့ခွင့်မပြုခဲ့တဲ့ တမာစေ့နဲ့တမာဆီများအား ယခုအခါ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနရဲ့ စိစစ်ခွင့်ပြုထောက်ခံချက်နဲ့ တင်ပို့ ခွင့်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်း နိုင်ငံသို့တင်ပို့ ရောင်းချရန်အတွက် ယခုလအတွင်းတမာစေ့ တန်ချိန် ၂၅ တန်၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၂၅၁၀ အား မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ အမယ်သစ်ပို့ကုန်အဖြစ် တင်ပို့နိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး တမာစေ့နဲ့ တမာဆီများတင်ပို့ရန် စီစဉ်ထားပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။
ကျော်ဆန်းထွန်း(မြဝတီ)

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်ခရီးသွားလုပ်ငန်း ဝန်ကြီးများ က ယခင် ရက်သတ္တပတ်အတွင်းက သဘောတူ စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ သဘောတူစာ ချုပ်မှာ ၂၀၁၅ ခုနှစ်မှာ နိုင်ငံလေးနိုင်ငံ သို့ အပြည်ပြည်ဆိုင်ရာ ခရီးသွားဦးရေ ၂၅ သန်းရရှိအောင် အတူတကွပူးပေါင်း ဆောင်ရွက်ဖို့နဲ့ တစ်ခုတည်းသောခရီးသွားဗီဇာ အကောင် အထည်ဖော်ရေး ကိစ္စကို စဉ်းစားကြဖို့ ကတိပြုထားပါတယ်။
စက်တင်ဘာ ၁၄ ရက်က ဟိုချီမင်း စီးတီးမှာကျင်းပတဲ့ CLMV ခရီးသွား လုပ်ငန်းဝန်ကြီးများ အစည်းအဝေးမှာ ကမ္ဘောဒီးယား၊လာအို၊ မြန်မာနဲ့ ဗီယက် နမ်တို့မှ ခရီးသွားလုပ်ငန်းဝန်ကြီးများ က ၂၀၁၃-၂၀၁၅ ခရီးသွားလုပ်ငန်း ပူး ပေါင်းဆောင်ရွက်ရေး ပူးတွဲစီမံကိန်းကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီစာချုပ် မှာ လေးနိုင်ငံအတွင်း သတင်းအချက် အလက်ဖလှယ်ဖို့၊  အရည်အသွေးမြင့် ခရီးသွားလုပ်ငန်း အစီအစဉ်တွေ ဖော်ထုတ်ဖို့၊  ခရီးသွားလုပ်ငန်းအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင် စည်း ရုံးဖို့နဲ့ တခြားနိုင်ငံများနဲ့ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများနဲ့ ပူးတွဲလုပ် ငန်းများထူထောင်ဖို့ လမ်းပြအစီအစဉ်ကို ရေးဆွဲခဲ့ကြပါတယ်။
သဘောတူညီချက်မှာ ပါဝင်တဲ့ ထူး ခြားတဲ့ရည်မှန်းချက်က ၂၀၁၅ ခုနှစ်မှာ လေးနိုင်ငံသို့ ခရီးသွား ၁၅ သန်းရောက် ရှိဖို့နဲ့ ဒီထဲမှာလေးသန်းက လေးနိုင်ငံ မှခရီးသွားများ အပြန်အလှန် သွား ရောက်ကြဖို့ဖြစ်ပါတယ်။  လေးနိုင်ငံ ခရီးသွားလုပ်ငန်းတစ်ခု (Four  Cou- ntries, One Destination) ဆိုတဲ့ အစီအစဉ်ကိုထပ်မံတိုးမြှင့်နိုင်ဖို့အတွက် CLMV အုပ်စုက တစ်နိုင်ငံမှ တစ် နိုင်ငံကူးလူးသွားလာမှု  လွယ်ကူအောင် အပြည်ပြည်ဆိုင်ရာ    ခရီးသွားများ အတွက် တစ်ခုတည်းသော  ခရီးသွား ဗီဇာထုတ်ဝေဖို့ကိုလည်း စဉ်းစားခဲ့ကြပါတယ်။ ဒီအစီအစဉ်မှာ ပÍ္စမမြောက် နိုင်ငံအဖြစ် ထိုင်းနိုင်ငံလည်း ပါဝင် လာနိုင်ဖွယ်ရှိပါတယ်။
CLMV နိုင်ငံများသို့ ဝင်ရောက် လာသော အပြည်ပြည်ဆိုင်ရာခရီးသွား အရေအတွက်မှာ လွန်ခဲ့တဲ့ရက်အနည်း ငယ်အတွင်း    မြင့်တက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ခရီးသွား ၁၂-၁၃ သန်း ရောက်ရှိခဲ့တဲ့အတွက်    နှစ်အလိုက် အခြေခံအရ ၁၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ပါတယ်။
Source.ttgasia.com
ဉာဏ်တင်

Pages

Subscribe to နောက်ဆုံးရ သတင်း