နောက်ဆုံးရ သတင်း
နေပြည်တော်၊ ဇူလိုင် ၁၃ တီထွင်မှုမူပိုင်ခွင့်နည်းဥပဒေများ (မူကြမ်း)နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့၊ မွန်းလွဲ (၁၃:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက် အမှာစကားပြောကြားခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘက်စုံ၊ ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်ရာတွင် မူပိုင်ခွင့်ကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများပေါများစေရေး၊ ကုန်သွယ်မှုလုပ်ငန်းများချောမွေ့စေရေး၊ တီထွင်ဖန်တီးမှုများ တိုးတက်စေရေးတို့အတွက် မူပိုင်ခွင့်စနစ်ကို အကောင်အထည်ဖော်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်တွင် မူပိုင်ခွင့်ဥပဒေ (၄) ရပ်ဖြစ်သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေတို့ကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး တီထွင်သူများနှင့် တီထွင်မှုကို အသုံးပြုသူများအကြား နည်းပညာဗဟုသုတနှင့် လူမှုစီးပွားဘဝသာယာဝပြောရေးများကို အပြန်အလှန် အကျိုးပြုစေရန်၊ နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှုများနှင့် နည်းပညာဖြန့်ဖြူးလွှဲပြောင်းရေးတို့ကို မြှင့်တင်နိုင်ခြင်း အားဖြင့် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုကိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် တီထွင်ဖန်တီးသော လူမှုပတ်ဝန်းကျင်ဖြစ်ပေါ်စေရေးအတွက် အားပေးရန် ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်သည့် တီထွင်မှုမူပိုင်ခွင့်နည်းဥပဒေများ (မူကြမ်း) အား ရေးဆွဲခဲ့ပြီး အဆိုပါနည်းဥပဒေများ (မူကြမ်း)အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ အကြံပြုချက်များ တောင်းခံရရှိထားပြီးဖြစ်ပါ၍ ယခုညှိနှိုင်းအစည်း အဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အစည်းအဝေးမှ ဆွေးနွေးအကြံပြုချက်များနှင့်အညီ လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက်ပြီး နည်းဥပဒေအတည်ပြုနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်နှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံတို့က တီထွင်မှု မူပိုင်ခွင့်နည်းဥပဒေများ(မူကြမ်း) နှင့်စပ်လျဉ်း၍ အကြံပြုချက်များ၊ သဘောထားမှတ်ချက်များ တောင်းခံရရှိခဲ့မှုအခြေအနေ၊ ပြင်ဆင် ထားရှိမှုအခြေအနေများကို PowerPoint ဖြင့် ရှင်းလင်းတင်ပြရာ ဖိတ်ကြားထားသည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အဖွဲ့အစည်း များမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ ဇူလိုင် ၁၂
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်နိုင်ဦးသည် ပြည်ပနိုင်ငံ (၁၂) နိုင်ငံရှိ မြန်မာသံရုံး/ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ၌ တာဝန်ထမ်းဆောင်နေသော စီးပွားရေးသံမှူး (၁၆) ဦးနှင့် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသည့်သံမှူးတို့အား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့၊ နေ့လည်ပိုင်းတွင် ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ Virtual စနစ်ဖြင့် တွေ့ဆုံကာ လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက စီးပွားရေးသံမှူးများအနေဖြင့် မြန်မာ့ပို့ကုန်များ ဈေးကွက်ပိုမိုရရှိရေးအတွက် သက်ဆိုင်ရာနိုင်ငံများမှ အစိုးရဌာန အဖွဲ့အစည်းများ၊ သွင်းကုန်လုပ်ငန်းရှင်များနှင့် ထိတွေ့မှု ပိုမိုရယူကာ ဈေးကွက်မြှင့်တင်ရေး လုပ်ငန်းများဆောင်ရွက်ရေး၊ သက်ဆိုင်ရာနိုင်ငံများ၏ ကုန်စည်ပြပွဲ များတွင် မြန်မာ့ပို့ကုန်များ ပါဝင်ပြသနိုင်ရေးနှင့် ချိတ်ဆက်မှု ပိုမိုရရှိစေရေး၊ မိမိနိုင်ငံအတွက် အကျိုးရှိ စေမည့် စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ ကျယ်ပြန့်စွာရယူ အသုံးချနိုင်ရေး၊ ပြည်တွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များက အကူအညီတောင်းခံမှုများကို Virtual စနစ်ဖြင့် တွေ့ဆုံညှိနှိုင်းကာ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ပေးရေး၊ သက်ဆိုင်ရာနိုင်ငံများသို့ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက် များ ကျယ်ပြန့်စွာဖြန့်ဝေပေးနိုင်ရေးနှင့် ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရေးကိစ္စများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးစသည်တို့အား အသေးစိတ်မှာကြားပါသည်။ ထို့နောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ကဏ္ဍအလိုက် စီးပွားရေးသံမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပါသည်။
ထို့နောက် စီးပွားရေးသံမှူးများက နိုင်ငံအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လိုအပ်ချက်များကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်းပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။
နေပြည်တော်၊ ဇူလိုင် ၁၁
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန် တွင် မြန်မာ့ကော်ဖီပို့ကုန် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ (Task Force) အစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ အစည်းအဝေးခန်းမ (၂)၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့ကော်ဖီ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။
အစည်းအဝေးတွင် မြန်မာ့ကော်ဖီ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌက မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက် နိုင်ရေးအတွက် ကော်ဖီအဓိက တင်ပို့ရောင်းချသော နိုင်ငံဖြစ်လာစေရန်ရည်ရွယ်၍ ကော်ဖီတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သော မူဝါဒများချမှတ်ခြင်းအပါအဝင် ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်ရန် ကော်ဖီဗဟိုအဖွဲ့ ဖွဲ့စည်းထားရှိမှု၊ ဗဟို အဖွဲ့၏ လုပ်ငန်းတာဝန်များကို အထောက်အကူပြုနိုင်ရန်အတွက် ကြီးကြပ်မှုကော်မတီ (၃) ခု ကို ဖွဲ့စည်းထားမှု၊ နိုင်ငံအတွင်း ကော်ဖီကိုတိုးချဲ့စိုက်ပျိုးရာတွင် ကော်ဖီတန်ဖိုး ကွင်းဆက်လုပ်ငန်းများ ဖွံ့ဖြိုးမှုရှိစေရေးအတွက် မြန်မာ့ကော်ဖီပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ (Myanmar Coffee Export Promotion Task Force)” ကို ဖွဲ့စည်းထားရှိမှု အခြေအနေများနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ ဦးဆောင်၍ ကော်ဖီအဓိက စိုက်ပျိုးထွက်ရှိသည့် ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ရွာငံမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ များသို့ သွားရောက်ဆွေးနွေးခဲ့သည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာ့ကော်ဖီပို့ကုန် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်များက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကော်ဖီစိုက်ပျိုးထွက်ရှိမှု၊ တိုးချဲ့စိုက်ပျိုးလာမှု၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံဖြိုးတိုးတက်စေရေး အတွက် ချေးငွေထုတ်ပေးနိုင်မှု၊ ကော်ဖီစိုက်ပျိုးရာတွင် မျိုးကောင်း၊ မျိုးသန့်ရရှိနိုင်ရေးအပါအဝင် အရည်အသွေး မြှင့်ထုတ်လုပ် နိုင်ရေးနှင့် နည်းပညာအကူအညီများ ပံ့ပိုးပေးနိုင်မှုအခြေအနေ၊ ကော်ဖီသီးနှံများမှ ကော်ဖီကုန်ချောထုတ်လုပ်သည့် စက်ပစ္စည်း ကိရိယာများကို ပြည်ပမှတင်သွင်းရာတွင် အဆင်ပြေချောမွေ့စွာ တင်သွင်းခွင့်ရရှိနိုင်ရေးနှင့် မြေယာသုံးစွဲမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ မြန်မာ့ကော်ဖီ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ပြည်နယ်အုပ်ချုပ်ရေးမှူးများ၊ တနင်္သာရီတိုင်း နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကော်ဖီအသင်းဥက္ကဋ္ဌနှင့် ပြင်ဦးလွင်၊ ရွာငံ၊ ဟိုပုံးဒေသများရှိ ကော်ဖီအစုအဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ ဇူလိုင် ၁၀ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော MG, MG4 (Mulan) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၄၇) စီး၊ MG Marvel R အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၃) စီးနှင့် MG, MG5 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၅) စီး၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၅၅) စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။
Nay Pyi Taw, July 9
The Supervisory Committee on Import, Storage and Distribution of Edible Oil under the Ministry of Commerce has been closely observing the FOB prices in Malaysia and Indonesia including transportation cost, tariff and banking service charges, and issuing the wholesale market reference rate for edible oil on weekly basis.
According to market condition and prices in the world's palm oil producing and exporting countries during this week, the reference prices of palm oil in the Yangon market is announced at Ks 4,140 per Viss for the period from 10 July 2023 to 16 July 2023.
If those retailers and wholesalers are found overcharging, storing inventory intentionally and attempting unscrupulous action to manipulate the market, they will be taken by legal action under the Essential Goods and Services Law.
The palm oil reference prices can be found on Department of Consumer Affairs’ website: www.doca.gov.mm, its Facebook page and the Facebook page of the Myanmar Edible Oil Dealers’ Association.