ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ

ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အွန်လိုင်းစနစ်ဖြင့် ကြိုတင်လျှောက်ထားထုတ်ယူရန် အသိပေးအကြောင်းကြားခြင်းကိစ္စ

Thu, 02/02/2023 - 04:56 -- eiprdep
Undefined

နယ်စပ်ကုန်သွယ်ရေးမှ ပြည်ပသို့ကုန်ပစ္စည်းများတင်ပို့ရာတွင် ကုန်ပစ္စည်းတင်ဆောင်မည့်ယာဉ်များက ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို အွန်လိုင်းစနစ်ဖြင့် ကြိုတင်လျှောက်ထားထုတ်ယူရန် အသိပေးအကြောင်းကြားသည့် သတင်းလွှာ

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ (၂/၂၀၂၃)

Latest News: 
Latest New တင္ရန္

မြန်မာ-တရုတ်နယ်စပ် မူဆယ်(မန့်ဝိန်း)ဝင်ထွက်ဂိတ်မှ ပို့ကုန်သွင်းကုန်ယာဉ်များ ဝင်ထွက်ခွင့်ပြုမည့်ကိစ္စ ထုတ်ပြန်ခြင်း

Fri, 01/13/2023 - 15:27 -- dotadmin
Undefined

မြန်မာ-တရုတ်နယ်စပ် မူဆယ်(မန့်ဝိန်း)ဝင်ထွက်ဂိတ်မှ ပို့ကုန်သွင်းကုန်ယာဉ်များ ဝင်ထွက်ခွင့်ပြုမည့်ကိစ္စ ထုတ်ပြန်သည့် သတင်းလွှာ

Latest News: 

နယ်စပ်ကုန်သွယ်ရေးတွင် သွင်းကုန်လုပ်ငန်းများအား ဘဏ်စနစ်အသုံးပြုပြီး ငွေပေးချေဆောင်ရွက်ရန်ကိစ္စ

Mon, 10/31/2022 - 13:22 -- ictadmin
Undefined

နယ်စပ်ကုန်သွယ်ရေးတွင် သွင်းကုန်လုပ်ငန်းများအား ဘဏ်စနစ်အသုံးပြုပြီး ငွေပေးချေဆောင်ရွက်ရန်ကိစ္စထုတ်ပြန်သည့် သတင်းလွှာ

Latest News: 
Latest New တင္ရန္

လယ်ယာသုံးစက်ပစ္စည်းကိရိယာနှင့် အကျုံးဝင်သည့် ကုန်စည်လိုင်းများအား သွင်းကုန်လိုင်စင် လျှောက်ထားခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်းကိစ္စ

Wed, 08/31/2022 - 12:04 -- dotadmin
Undefined

လယ်ယာသုံးစက်ပစ္စည်းကိရိယာနှင့် အကျုံးဝင်သည့် ကုန်စည်လိုင်းများအား သွင်းကုန်လိုင်စင်လျှောက်ထားခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း သတင်းလွှာ

Latest News: 
Latest New တင္ရန္

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ (၂/၂၀၂၀)အား ပယ်ဖျက်သည့် သတင်းလွှာ

Thu, 07/28/2022 - 10:26 -- eiprdep
Undefined

နိုင်ငံခြားကုမ္ပဏီများနှင့် နိုင်ငံခြားဖက်စပ်ကုမ္ပဏီများအား ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းတို့အတွက် တစ်ဆင့်မြင့်ပြုပြင်ထုတ်လုပ်နိုင်သော ထုတ်ကုန်အခြေအနေများကို သတင်းလွှာ (၂/၂၀၂၀) ဖြင့်အသိပေးထုတ်ပြန်ခဲ့သော်လည်း အချို့သော ကုမ္ပဏီများမှ သတင်းလွှာပါ ဖော်ပြချက်များနှင့်ကိုက်ညီမှုမရှိဘဲတင်ပို့နေသည်ကို စိစစ်တွေ့ရှိရပါသဖြင့် အဆိုပါသတင်းလွှာအား ဤသတင်းလွှာဖြင့် ပယ်ဖျက်ခြင်း

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၈/၂၀၂၂)

Latest News: 
Latest New တင္ရန္

ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် စားဆီတို့အား ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည်စာရင်းအဖြစ် သတ်မှတ်ခြင်း

Wed, 05/25/2022 - 04:38 -- eiprdep
Undefined

ယခင်က ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်း (၁၂၂၄)လိုင်းကို အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၀) ဖြင့်လည်းကောင်း၊ ပြောင်းနှင့် ပြောင်းထွက်ပစ္စည်းများအား လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းအဖြစ် ထပ်တိုးသတ်မှတ်ခြင်းကို ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၃/၂၀၂၂)ဖြင့်လည်းကောင်း ထုတ်ပြန်ထားပြီး ယခု ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် စားဆီတို့အား ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည်အဖြစ် ထပ်မံကြေညာသည့် သတင်းလွှာ

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၇/၂၀၂၂)

Latest News: 
Latest New တင္ရန္

အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၀ အား လိုက်နာဆောင်ရွက်ရန် ထပ်မံအသိပေးကြေညာခြင်း

Tue, 04/05/2022 - 09:48 -- eiprdep
Undefined

သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သည့် ကုန်စည်များတင်သွင်းမှုနှင့် ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက် အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၀ အား လိုက်နာဆောင်ရွက်ရန် ထပ်မံအသိပေးကြေညာသည့် သတင်းလွှာ

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၆/၂၀၂၂)

Latest News: 
Latest New တင္ရန္

သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် သတ်မှတ်ထုတ်ပြန်ခြင်း

Tue, 03/29/2022 - 08:39 -- eiprdep
Undefined

သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုသော ကုန်စည်လိုင်းများကို HS Code 10 digit အရ ကုန်စည် (၃၀၇၀)၊  (၈၂၆) နှင့် (၁၄၁) လိုင်း တို့ကို ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၁၈/၂၀၂၁)၊ (၁/၂၀၂၂)နှင့်(၂/၂၀၂၂)တို့ဖြင့် အသီးသီးထုတ်ပြန်ထားပါသည်။ ယခု တတိယအဆင့်အဖြစ် H.S Code 6 digit ဖြင့် ကုန်စည်(၅၃၆)လိုင်း သို့မဟုတ် H.S Code 10 digit ဖြင့် ကုန်စည်(၁၁၃၁)လိုင်းကို သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် ၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်နေ့မှစတင်၍ ထပ်တိုးသတ်မှတ်လိုက်သည့် သတင်းလွှာ

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၅/၂၀၂၂)

Latest News: 
Latest New တင္ရန္

Tradenet 2.0 စနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ်လျှောက်ထားမှုများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်သတ်မှတ်ချက်များအား ြပင်ဆင်ထုတ်ပြန်ခြင်း

Thu, 03/24/2022 - 04:48 -- eiprdep
Undefined

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် Tradenet.20 စနစ်တွင် လိုင်စင်နှင့်ပါမစ်များလျှောက်ထားမှုများနှင့်စပ်လျဉ်း၍ သတ်မှတ်ကာလအတွင်း လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသိပေးသည့်ထုတ်ပြန်သည့် သတင်းလွှာ

 

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၄/၂၀၂၂)

Latest News: 
Latest New တင္ရန္

ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုသော ထပ်တိုးကုန်စည်လိုင်းများ စာရင်းထုတ်ပြန်ခြင်း

Wed, 03/09/2022 - 12:08 -- eiprdep
Undefined

ယခင်က ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများကို အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၀) ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ  ပြောင်း၊ နှံစားပြောင်း၊ ပြောင်းစေ့၊ ပြောင်းမှုန့်အပါအဝင် ပြောင်းအားတစ်ဆင့်မြှင့် ကြိတ်ခွဲထုတ်လုပ်ထားသည့်ပစ္စည်းများပါဝင်သည့် ပူးတွဲပါကုန်စည်လိုင်းများကို လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်များအဖြစ် ထပ်တိုးသတ်မှတ်သည့် သတင်းလွှာ

ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ (၃/၂၀၂၂)

Latest News: 
Latest New တင္ရန္

Pages

Subscribe to RSS - ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်းလွှာ